အခန်း(၂၆)

6K 1.2K 71
                                    

အခန်း (၂၆) – Domain Of Definition
~~~~~~~~~~~~~~~~~~~~~~~~~~~~

စာသင်နှစ်ပထမပိုင်းရဲ့ ထိပ်ဆုံးအတန်းချိန်က သင်္ချာဖြစ်သည်။

မာရှောင်တင်းသည် တစ်ခြားသူတွေထက် ပိုစိတ်လှုပ်ရှားနေကာ အတန်းနောက်ဆုံးက သူ့စားပွဲကို တီးနေသည်။ "အကိုကြီးယွီ အကိုကြီးယွီ! သင်္ချာဘာသာကိုယ်စားလှယ်အဖြစ် အကိုခဏလောက်လုပ်ကြည့်ချင်လား? ကျွန်တော်ကတော့ တရုတ်စာပေဘာသာကိုယ်စားလှယ်အဖြစ် လုပ်မှာ? ကျွန်တော်တို့အတူတူလုပ်ကြရင်ကော ဒါဆိုရင် အနုပညာနဲ့သိပ္ပံက အတူတူအပွင့်ပွင့်လာနိုင်တယ်"

စုန်ယွီသည် အထက်တန်းကျောင်းဖတ်စာအုပ်တွေကို လှန်ကြည့်နေသည်။ သူ့မျက်လုံးများက ပျင်းရိပျင်းတွဲနှင့်အောက်စိုက်နေပီး မာရှောင်တင်း၏စကားတွေကို ကြားလိုက်သည့်အခါ သူသည် ကျစ်သပ်လိုက်ပီး "မင်းဘာသာမင်းတစ်ယောက်ထဲပွင့်"

ရှီပေါ်ဝမ်ကတော့ သေအောင်လန့်သွားတာကြောင့် မာရှောင်တင်းကို စည်းရုံကြည့်လိုက်သည်။ "အဲ့ဒါကမကောင်းဘူးနော် အကိုမာ တရုတ်စာပေဘာသာကိုယ်စားလှယ်က စာအုပ်တွေဖတ်ပြဖို့လိုတယ်"

မသိနားမလည်သောမာရှောင်တင်းကတော့ ကျေနပ်ရောင့်ရဲစွာဖြင့် ပြောလိုက်သည်။ "ဒါပေါ့ ငါသိတယ်လေ အဲ့ဒါက ငါတကယ်ရည်ရွယ်ထားတာပဲ ငါက ကဗျာတွေ ဒီလောက်အများကြီးကိုသိတာ ဘယ်လိုလုပ်ပီးထုတ်မကြွားပဲနေရမှာလဲ"

ရှီပေါ်ဝမ်သည် အားပျော့စွာဖြင့် ပြောလိုက်သည်။ "ဖြစ်နိုင်တာကတော့ အကိုမလုပ်သင့်ဘူး"

စာလေ့လာသည့်ပေါ် စိတ်ကြီးသည့် ကျောင်းသားပေါ်ဝမ်သည် ငိုချင်သွားသည်။ သူ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက ရှေးခေတ်ကဗျာကဏ္ဍမှာ သုညမရချင်ဘူး။

ခေါင်းလောင်းသံမြည်လာသည့်အခါ သင်္ချာဆရာက သူ့သင်ကြားရေးစာအုပ်နှင့်အတူ အတန်းထဲဝင်လာသည်။ သူသည် အသက်၅၀လောက်ရှိမည်ပုံရှိကာ ပိန်ပိန်ပါးပါးနှင့် နဖူးပြောင်ပီး မျက်မှန်တပ်ထားသည်။ သူသည် လက်ထဲတွင် အပူထိန်းဓါတ်ဘူးကိုကိုင်ထားရင်း စင်ပေါ်တက်ကာ ရေကို ဖြည်းဖြည်းချင်းသောက်လိုက်သည်။

TIHCFCF Where stories live. Discover now