အခန်း (၁၉.၃)

6.5K 1.3K 61
                                    

အခန်း (၁၉.၃) – ကျူကျီရှင်း
~~~~~~~~~~~~~~~~~~~

ဖိုရမ်ပေါ်တွင်တော့ 'နတ်ဘုရားရှဲ့' နှင့် 'ကိုကိုယွီ' ဆိုသည့် စကားလုံးတွေက သွေးမိုးတွေဖြစ်လာစေသည်။ နဂိုကတော့ စုန်ယွီ၏ရုပ်ရည်ပေါ်မူတည်ပီး သူ့ဓါတ်ပုံက အခုလောက်ဆို ဖိုရမ်ပေါ်ရောက်နေလောက်ပီ။ ဒါပေမယ့် ဝမ်စစ်နှင့်ဖြစ်သွားသည့်ကိစ္စတွေကြောင့် အခန်းတစ်က မိန်းကလေးတွေက ဓါတ်ပုံတစ်ပုံမှ မတင်ရဲကြပေ။ ဒီလိုဆိုပေမယ့်လည်း သူတို့လက်တွေက အရမ်းကိုယားနေကြပီး လူတိုင်းကိုပြောပြချင်နေကြသည်က သူတို့အခန်းမှာ နတ်ဘုရားရှဲ့အပြင် နောက်ထပ်လူချောလေးတစ်ယောက်လည်း ရှိသေးကြောင်းဆိုတာကိုပင်။ နောက်ပီး ဒီနှစ်ယောက်လုံးက တစ်ခုံတည်းအတူထိုင်ကြသည်လေ။

စုန်ယွီသည် ဖိုရမ်ပေါ်က ဓါတ်ပုံတွေကို သိမ်းလိုက်ပီး ရှဲ့ဆွေ့ထံပို့ပေးလိုက်သည်။ ရှဲ့ဆွေ့က အခုမှရေချိုးပီးတာဖြစ်ပီး သူ့မျက်ခွံတွေက ပျင်းတွဲစွာဖြင့် ငိုက်ကျနေကာ သူ့မျက်တောင်တွေကတော့ အခုထိရေတွေစိုနေဆဲပင်။ သူပုံစံက အရမ်းကိုလိမ္မာသည့်လူတစ်ယောက်လိုပင်။

[စုန်ယွီ : ကြည့် ဒါက မင်းပဲ]

ရှဲ့ဆွေ့အနေနှင့် သူ့စိတ်နှလုံးကို သန့်စင်ပီး သူ့စိတ်ဆန္ဒတွေကို ကန့်သတ်လိုက်ရင်တောင်မှ သူ့ကိုယ်သူ တကယ့်အထက်တန်းကျောင်းသားတစ်ယောက်လို့ သတ်မှတ်လို့မရပေ။ သူသည် ရှုရှီအန်း သူ့အားပေးထားသည့်ပိုက်ဆံတွေကိုသုံးကာ သူ့လုပ်ဖော်ကိုင်ဖက်တွေကို လျို့ဝှက်နာမည်ဖြင့်ဆက်သွယ်လိုက်သည်။ ဒီအချိန်လောက်ဆိုရင် ချွီရုံသည် အလုပ်ပြုတ်သွားလောက်ပီဖြစ်ပီး သူ့အမေလည်း တော်တော်လေးနေမကောင်းဖြစ်နေလောက်ပီ။

သူသည် အိပ်ယာတွင်မှီလိုက်ပီး သူ့မျက်ခုံးများကတော့ အေးစက်နေကာ သူ့လက်ချောင်းသွယ်သွယ်များကတော့ ကီးဘုတ်ပေါ်တွင် လျင်မြန်စွာကခုန်နေသည်။ စုန်ယွီ၏မက်ဆေ့ခ်ျရောက်လာသည့်အချိန်မှာတော့ ချွီရုံသည် သူနှင့်ညှိနှိုင်းရာမှာ လုံးဝကို ကျဆုံးနေပီဖြစ်သည်။ သူ့ဘဝပြိုလဲတော့မယ့်အချိန်မှာ ကောင်းကင်ကနေကျလာသည့်ဒီအမျိုးသားက သူတစ်ခါတည်းသာရနိုင်မည့်အခွင့်အရေးကို ပေးလာသည်။ : "ကောင်းပီ ငါ့ကို အခု ၃သိန်းပေး ငါ့မာနငါရိုက်ချိုးပီး ရှဲ့မိသားစုဆီ ပြန်သွားလိုက်မယ်"

TIHCFCF Where stories live. Discover now