အခန်း (၄၄.၁)

4.4K 1.1K 71
                                    

အခန်း (၄၄.၁) – လပတ်စာမေးပွဲ
~~~~~~~~~~~~~~~~~~~~~

စားပွဲတွင်အိပ်ရတာက သက်တောင့်သက်သာမရှိပေ။ ရှဲ့ဆွေ့သည် စုန်ယွီအား အိပ်ယာပေါ်သို့သယ်သွားပေးလိုက်သည်။ အိပ်ပျော်နေသည့်စုန်ယွီသည် နေ့ခင်းပိုင်းတုန်းကလိုမျိုး မျက်စိနှောက်ရလောက်သည်အထိ ပျော်မြူးနေသော အရိပ်အယောင်တွေမရှိတော့ပေ။ သူ့မျက်တောင်တွေက ယပ်တောင်အသေးစားလေးလို ဖြန့်ကျက်ထားပြီး သူ့အသက်ရှုသံကလည်း တိုးသက်သည်။ သူအား ရှဲ့ဆွေ့ ချီလိုက်သည့်အချိန် နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေတာကြောင့် နည်းနည်းတုံ့ပြန်မှုဖြစ်လာပြီး သူ့လက်မောင်းတွေက အနည်းငယ်ရုန်းလာသည်။ ဒါပေမယ့် သူအရမ်းအိပ်ချင်လွန်းနေတာကြောင့် ဒါက ရှဲ့ဆွေ့မှန်း ခပ်ရေးရေးလေးသိလိုက်သည့်အခါ အားအများကြီးမသုံးလိုက်တော့ပေ။

သူ့ငွေ့သက်က သူ့လက်မောင်းပေါ်တွင် ကျရောက်လာသည်။ ပူနွေးကာ ညင်သာသည်။ 

သူ(စုန်ယွီ)ကအရမ်းကိုအလိုက်တသိလေးလိမ်လိမ်မာမာရှိနေတာကြောင့် ဒါက သူ့(ရှဲ့ဆွေ့)နှလုံးသားကို ယားကျိကျိဖြစ်စေသည်။ ရှဲ့ဆွေ့သည် စုန်ယွီ၏နား,နားကို တိုးကပ်သွားလိုက်ပြီး သူ့နှုတ်ခမ်းတွေက ထိုနေရာနားကိုထိခါနီးနီးလေးဖြစ်နေပြီ။ သူသည် ပြုံးလိုက်ရင်း တိုးတိုးလေးပြောလိုက်သည်။ "ယွီယွီ ဒီညမင်းဒီမှာအိပ်မှာလား?"

စုန်ယွီမှာနားလည်းမလည်သလို မှိန်းမောနေသည်။ သူ့နားထဲကို တစ်ယောက်ယောက်ကစကားပြောနေတာကိုပဲ သူပြောနိုင်ပြီး ဘာပြောနေလဲဆိုတာကို ရှင်းရှင်းလင်းလင်းမကြားနိုင်ဖြစ်နေသည်။ သူစာအရမ်းကြိုးစားထားပြီး အချိန်အကြာကြီးကို စာမေးပွဲကသာ သူ့စိတ်ထဲအမြဲရှိနေသည်။ သူသည် အိပ်ချင်မူးတူးဖြင့်ပြောလိုက်သည်။

"... တကယ်လို့ငါအဆင့်၁၀၀အတွင်းမဝင်ခဲ့ရင်... မင်းတို့တွေအားလုံးကို ငါသတ်ပစ်မှာ..."

ရှဲ့ဆွေ့သည် ဒါကိုပီပီသသကြားလိုက်သည့်အခါ အသံထွက်ပြီးရယ်မိသည်။

ဒီကလေးကတော့ တကယ့်ကိုဗိုလ်ကျလွန်းတာပဲ။ ဒါပေမယ့် ဒီလပတ်စာမေးပွဲအပေါ် သူတကယ့်ကိုအများကြီးရင်းနှီးထားတာလေ။

TIHCFCF Donde viven las historias. Descúbrelo ahora