အခန်း (၆၀.၁)

2.2K 260 17
                                    

အခန်း (၆၀.၁) - နောက်ကျခြင်း
~~~~~~~~~~~~~~~~~~~~~

စုန်ယွီ "......"

စုန်ယွီ "လူတိုင်းကနင့်လိုမျိုး မျက်လုံးထဲပိုက်ဆံပဲမြင်တဲ့အပေါ်ယံလူစားတွေမဟုတ်ဘူး"

စုန်ဝမ်ယင်းမှာ တခစ်ခစ်ရယ်လိုက်သည်။ စုန်မိသားစု၏တစ်ဦးတည်းသောသမီးဖြစ်ပြီး အေမြို့တွင်လည်း ထိပ်တန်းနာမည်ကျော်သူတစ်ယောက်အနေဖြင့် သူမအဖက်တောင်မလုပ်တဲ့တစ်ခုတည်းသောအရာကပိုက်ဆံပါနော် အိုကေ?

"အိုကေ အိုကေ အိုကေ" စုန်ဝမ်ယင်းသည် စိတ်မပါပဲဝတ်ကျေတမ်းကျေဖြင့်သဘောတူလိုက်ပြီး ဆက်ပြောလိုက်သည်။ "ငါကအပေါ်ယံပဲကြည့်တတ်တဲ့သူတစ်ယောက်ပါ နင့်ရဲ့ရိုးသားဖြူစင်တဲ့အချစ်လေး မြန်မြန်အောင်မြင်သွားပါစေလို့ ငါမျှော်လင့်နေပါ့မယ် အဲ့တစ်ယောက်ကဒီလောက်တောင်အံ့အားသင့်ဖို့ ကောင်းနေတယ်ဆိုမှတော့ သူ့ကို ငါတို့မိဘတွေတွေ့ဖို့အတွက် နင်အိမ်ခေါ်လာလို့ရတယ်ဟေ့"

နောက်ဆုံးစကားကြောင်းကတော့ တိုက်ရိုက်စိန်ခေါ်သွားတာပင်။

တကယ်လို့သာ သူအိမ်ကိုရှဲ့ဆွေ့အားခေါ်လာပါက သူ့ခြေထောက်တွေကျိုးသွားနိုင်လောက်သည်။ နေပါဦး အဲ့ဒါကမဟုတ်သေးပါဘူး။ နှစ်သစ်မှာ သူကဘာကြောင့် ရှဲ့ဆွေ့ကို စုန်မိသားစုဆီခေါ်သွားရမှာလဲ?!

စုန်ယွီ "နင်စကားအရမ်းများတာပဲ ငါဖုန်းချလိုက်တော့မယ်"

စုန်ဝမ်ယင်းနဲ့ဒီလိုအကြောင်းတွေစကားသွားပြောဖို့ ကြိုးစားလိုက်တာကိုက သူတော်တော်ရူးနေတာပဲ။

စုန်ယွီသည် သူ့တိုက်ခန်းကိုတစ်ယောက်တည်းပြန်သွားလိုက်သည်။ တစ်ကိုယ်ရည်သန့်ရှင်းပြီးတော့ အိပ်ယာ ထဲဝင်လိုက်ကာ ခေါင်းဦးပျော့ပျော့ပေါ်သို့ သူ့ခေါင်းကကျသွားသော်လည်း သူဘယ်လောက်တွေးနေနေ ကိစ္စတွေကမှန်မနေဘူးလို့ခံစားနေရသည်။

သူခေါင်းကိုဆုပ်ကိုင်လိုက်ပြီး ထထိုင်လိုက်ကာ သူ့ဖုန်းကိုထုတ်၍ ရှဲ့ဆွေ့အားမက်ဆေ့ချ်ပို့ချင်သွားသည်။ သို‌ပေမယ့် စာတစ်ကြောင်းရိုက်ပြီးသွားလို့ အကြာကြီးပြန်ဖတ်နေလိုက် နောက်တော့ဖျက်လိုက်ပြီး ပြန်ရိုက်လိုက် ပြန်ဖျက်လိုက်နဲ့သာဖြစ်နေသည်။ ၇မိနစ်၈မိနစ်လောက်တွေဝေနေပြီးတော့မှ သူနှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး အိပ်ဖို့သာရွေးချယ်လိုက်တော့သည်။

You've reached the end of published parts.

⏰ Last updated: Apr 08 ⏰

Add this story to your Library to get notified about new parts!

TIHCFCF Where stories live. Discover now