အခန်း (၂၇.၂)

5.3K 1.2K 44
                                    

အခန်း (၂၇.၂) – ငါ့ထိုင်ခုံတွဲဖက်
~~~~~~~~~~~~~~~~~~~~~

မာရှောင်တင်းသည် သူ့နားတွေကို လက်ဖြင့်အုပ်လိုက်ပီး သေလောက်အောင်ကို ကြောက်ရွံ့သွားသည် –– ဒီအမျိုးသမီးတွေဆီမှာ ပြဿနာတစ်ခုခုရှိနေကြတာလား?!

စုန်ယွီလည်းပဲ အံ့သြမှင်သက်သွားကာ သူ့စိတ်ထဲက အတွေးရထားကနှောင့်ယှက်ခံလိုက်ရသည် –– သေစမ်း! ရှဲ့ဆွေ့က သူ့ကို ထက်မြတ်တယ်ဆိုပီး ချီးမွမ်းတယ်?! ဒါက အရမ်းကိုသေလောက်အောင် ပျော်ရတဲ့အထိတန်တယ်လေ။ ပီးခဲ့သောမတော်မဆပေါင်း၇၂၀ကျော်တွေဖြစ်ပီးမှာတော့ ရှဲ့ဆွေ့က သူ့ဦးနှောက်ကို 'မသုံးဘူး'ဆိုတဲ့ တံဆိပ်ကပ်လိုက်မည်လို့ သူထင်ထားမိတာလေ။

မာရှောင်တင်းသည် သူ့နားတွေကိုကာလိုက်ပီးနောက် သူ့ခေါင်းကို စာအုပ်နှင့်ကာထားလိုက်သည်။ သူသည် ထပ်ပီးမသည်းခံနိုင်တော့တာကြောင့် ပြောလိုက်သည်။ "သူ့ကို ချစ်ဖို့ကောင်းတယ်တို့ ကြင်နာတယ်တို့ ဘာတို့ဆိုပီး ချီးမွမ်းနေတယ်? ဒါက လူတွေရှေ့ဖွင့်ပြောတာလဲမဟုတ်ပဲနဲ့ ဘာတွေများ စိတ်လှုပ်ရှားစရာလိုလို့လဲ?"

မျက်နှာတွေနီရဲနေပီး စိတ်လှုပ်ရှားတွေပြည့်နေသော ကောင်မလေးတွေ၏မျက်နှာကို ရှီပေါ်ဝမ်တစ်ချက်ကြည့်လိုက်ပီးနောက် သူ့စကားတွေကို ဗိုက်ထဲပြန်သိမ်းထားလိုက်သည် –– ကောင်လေးတစ်ယောက်ကို ချစ်ဖို့ကောင်းတယ်ဆိုပီး ချီးမွမ်းတာက ပုံမှန်မဟုတ်ဘူးနော် အိုကေ? နောက်ပီး အကိုကြီးယွီရဲ့စိတ်နေသဘောထားကို ချစ်ဖို့ကောင်းတယ်ဆိုပီး ပြောလို့ရရဲ့လား? ကြောက်ဖို့ကောင်းတယ်ဆိုတာက ပိုဖြစ်သင့်တာ။ နတ်ဘုရားရဲ့ရေစစ်ကတော့ တော်တော်ကိုထူတာပဲ။

ရှဲ့ဆွေ့စင်ပေါ်ကဆင်းလာသည့်အခါမှာတော့ သူ့ထိုင်ခုံတွဲဖက်၏နွေးထွေးစွာကြိုဆိုခြင်းကို ခံလိုက်ရသည်။ "ချိုချဉ်လေးစားပါဦး ရေလေးသောက်ပါဦး မင်းဘက်က ဘယ်လိုမျိုးကောင်းကောင်းလေးပြောပေးရမယ်မှန်းသိမှတော့ အဲ့လိုတွေထပ်ပီးပြောနော်"

စုန်ယွီသည် စိတ်ကောင်းဝင်နေပီး တက်ကြွနေသည်။

ရှဲ့ဆွေ့သည် ရယ်လိုက်ပီး "မင်းကိုချစ်ဖို့ကောင်းတယ်ဆိုပီး ငါကချီးမွမ်းလို့ မင်းက အရမ်းပျော်နေတယ်ပေါ့?"

TIHCFCF Where stories live. Discover now