အခန်း (၅၃) - ညစာစားပွဲ
~~~~~~~~~~~~~~~~ရှဲ့ဆွေ့သည် ရယ်လို့ပြီးသွားတော့ မေးလိုက်သည်။ : "မင်းငါ့ကိုဘယ်လိုအိပ်မက်မက်လဲ?"
စုန်ယွီသည် အေးစက်စက်ရယ်လိုက်သည်။
'တစ်စုံတစ်ယောက်ကိုကြိုက်တယ်'ဆိုတာက အရမ်းကိုသတိထားရမည့် စကားခေါင်းစဉ်တစ်ခုဖြစ်သည်။ တကယ်လို့ ရှဲ့ဆွေ့က ဒီအကြောင်းကို မပြောချင်ဘူးဆိုရင် သူ့ဖက်ကလည်း စပ်စုနေမည်မဟုတ်။ ဒီတိုင်းပဲ လှည့်စားခံလိုက်ရတာကြောင့် တော်တော်လေးစိတ်တိုနေတာဖြစ်သည်။ သူသည် ခေါင်းကိုစောင်းလိုက်ပြီး "ငါစနေတာပါ ငါမင်းကိုအိပ်မက် မမက်ပါဘူး"
ရှဲ့ဆွေ့၏အသံက အဓိပ္ပါယ်ပါနေသည်။ "အိုး"
သူလည်း ထပ်ပြီးမေးမနေတော့ပေ။ သူ့အကြည့်က စုန်ယွီ၏လက်မောင်းအောက်က စာစီစာကုံးစာရွက်ပေါ်ကို ရောက်သွားသည်။ သူပြုံးလိုက်မိသည်။
"ဘာမှမရေးနိုင်သေးဘူးလား?"
စုန်ယွီသည် စိတ်တိုနေတာကြောင့် ရှဲ့ဆွေ့ကို လျစ်လျူရှုနေလိုက်သည်။
ရှဲ့ဆွေ့ပြောပြလိုက်သည်။ "ပထမမစာပိုဒ်က ပုံစံအမှားလိုက်ကြီးရေးထားတယ်"
စုန်ယွီ : "???" တစ်စုံတစ်ခုပေါ် အာရုံစိုက်မိလိုက်ချိန် သူ့အာရုံကလွယ်လွယ်လေးပြောင်းသွားသည်။ သူသည် သူ့လက်မောင်းကိုဖယ်လိုက်ပြီး "ဘယ်လိုလုပ်မှားမှာလဲ? ငါအွန်လိုင်းပေါ်ကနေ ကူးထားတာလေ"
ရှဲ့ဆွေ့သည် စုန်ယွီအား တကယ့်ကောင်းသည့်နည်းနှင့်ကိုင်တွယ်နိုင်သည်။ သူသည် ဘောပင်ခွက်ထဲကနေ ဘောပင်ကိုယူလိုက်ပြီး ပြုံး၍ပြောလိုက်သည်။ "ယူလာခဲ့ ငါမင်းအတွက်ပြောင်းပေးမယ်"
စုန်ယွီတစ်ယောက် သူ့စာရွက်ကို လိမ်လိမ်မာမာလေးပေးလိုက်ပြီးတော့မှသာ တစ်ခုခုမှားနေတယ်ဆိုတာကို သူသတိထားမိသွားသည် - သေစမ်း ဒီလူလိမ်ကို အခုသူ မသိချင်ယောင်ဆောင်နေရမှာမဟုတ်ဘူးလား? စုန်ယွီသည် ဒါကိုသတိရပြီးသွားတော့မှ သူ့စာရွက်ကို လက်ဖြင့်ဖိထားလိုက်ပြီး ရှဲ့ဆွေ့အား မျက်လုံးတွေပင့်ကြည့်လိုက်သည်။ သူသည် ငုံ့ကိုင်းလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။ "မင်းကြိုက်နေတဲ့တစ်ယောက်ယောက်တကယ်ရှိတာလား?"
![](https://img.wattpad.com/cover/242319502-288-k234590.jpg)
YOU ARE READING
TIHCFCF
Romanceပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း / ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း Transmigrating Into The Heartthrob's Cannon Fodder Childhood Friend Associated Names 穿成万人迷的炮灰竹马 Author(s) This Concubin...