အခန်း (၂၁.၁)

5.9K 1.1K 15
                                    

အခန်း (၂၁.၁) – အသိတွေနှင့်တွေ့ဆုံခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~

ဘိလိယက်ခန်းမက အကြီးကြီးတော့ မဟုတ်ပေ။ ဒါက သီးသန့်နေရာဖြစ်တာကြောင့် အရမ်းတရားဝင်ဖြစ်အောင် ခင်းကျင်းထားတာမရှိ။ အခန်းထဲတွင် ဘိလိယက်ခုံ ၈ခုံရှိပီး လူတွေအများကြီးက မီးအဖြူရောင်အောက်တွင် စုဝေးနေသည်။ လူမိုက်တွေအားလုံးက လက်မောင်းတစ်လျှောက် ဆေးမှင်ကြောင်အပြည့်နှင့် ဂျက်ကပ်ကိုဝတ်ကာ ထောင့်တိုင်းမှာ ထိုင်နေသည်။ တစ်ချို့တွေက ဆေးလိပ်သောက်နေကြပီး တစ်ချို့တွေက ဖဲကစားနေကာ တစ်ချို့တွေကတော့ ဖုန်းကြည့်နေကြသည်။

ဘိလိယက်ကို တကယ်ဆော့နေသည့်ခုံကတော့ အဝေးဆုံးမှာရှိသည်။ လူတွေဝိုင်းအုံနေပီး သူတို့ဆော့ကစားလို့ထွက်လာသည့်အသံကလည်း အဆက်မပြတ်ကို ဆူညံနေသည်။ နေရာတစ်ဝိုက်လုံးကို ဆေးလိပ်ငွေ့တွေက မြူတွေဆိုင်းသလိုဖြစ်နေသည်။

မာရှောင်တင်းက ဝင်ပေါက်ကိုရောက်ပီး အထဲကို မြင်လိုက်သည်နှင့် သူ့ပါးစပ်ထဲမှာ ရှိနေသည့်စကားတွေကို အပြင်းအထန်ပြန်မျိုချလိုက်သည်။ တံခါးကိုကန်ဖွင့်ပီး ရန်ပွဲကို ချက်ချင်းစဖို့လုပ်နေသည့် သူ့အပြုအမူကလည်း တမဟုတ်ချင်း ညိုးကျသွားသည်။

"အကိုကြီးယွီ ..." မာရှောင်တင်းသည် သနားစရာကောင်းစွာဖြင့် နောက်သို့လှည့်လိုက်ပီး သူ့မျက်နှာကလည်း သခွားသီးလို ရှုံ့တွနေသည်။ "အထဲမှာ လူတွေအများကြီးပဲ အဲ့ကောင်ကို တစ်ယောက်ထဲဖမ်းနိုင်အောင်လို့ ကျွန်တော်တို့ နောက်တစ်ခါက်ကို စောင့်လိုက်မှထင်တယ်"

မင်းက တံခါးကိုတောင် ကန်ဖွင့်ပီးပီလေ။ အခုချိန်ရောက်မှ ထွက်သွားလို့ရသေးလို့လား? အပေါ်တက်ပီး လူကိုရိုက်ဖို့ လုပ်ထားပီးမှတော့ ဘယ်နှစ်ယောက်ရှိနေလဲဆိုတာကိုတောင် မင်းက မစစ်ကြည့်ထားဘူးလား

စုန်ယွီ၏နှုတ်ခမ်းထောင့်က တွန့်သွားတော့သည်။ သူသည်နောက်ကနေပီး မာရှောင်တင်း၏ဖင်ကိုသာ ကန်ထည့်လိုက်သည်။

"မင်းရဲ့ဒီလိုပုံစံနဲ့ အလယ်တန်းကျောင်းလူမိုက်ဘယ်လိုဖြစ်လာတာလဲ?"

TIHCFCF Where stories live. Discover now