အခန်း (၁၉.၂)

6.1K 1.2K 63
                                    

အခန်း (၁၉.၂) - ကျူကျီရှင်း
~~~~~~~~~~~~~~~~~~~

စုန်ယွီသည် ရှဲ့ဆွေ့အား အိုးယိလျန်အကြောင်းပြောပြဖို့ စိတ်ကူးမရှိပေ။ ရှဲ့ဆွေ့အတိတ်ဘဝက ခြောက်လန့်နေခဲ့တဲ့ အိပ်မက်ဆိုးတွေကို ဖယ်ရှားပေးဖို့ သူဆုံးဖြတ်ထားမှတော့ သူတို့ရဲ့အတန်းပိုင်ဆရာမ၏အမှောင်ဖက်ခြမ်းက သူသိဖို့ လိုအပ်သည့်အရာတစ်ခုမဟုတ်တော့ပေ။

ကျောင်း၏အနောက်ဖက်လမ်းက ညဈေးတန်းဖြစ်သည်။ ဒီအချိန်ဆိုလျှင် ဆိုင်တွေတော်တော်များများက ပိတ်သွားလောက်ပီဖြစ်ပေမယ့် အကင်တန်းကတော့ လူတွေစည်ကားနေတုန်းပင်။ အကင်ပြားပေါ်က ပြည်ကြီးငါးကင်၏တရှဲရှဲမြည်နေသည့်အသံနှင့် လမ်းတစ်လျှောက်လုံး ပြန့်လွင့်နေသည့်အကင်နံ့တွေ။

စုန်ယွီသည် တက်ကြွစွာဖြင့် : "အသားလုံးကင်တစ်ချောင်း ဆန်မုန့်တစ်ပွဲ ကြက်သွန်မြိတ်ကင်တစ်ပွဲ နဲ့ ကြက်တောင်ပံကင်နှစ်ခု ..."

ရှဲ့ဆွေ့သည် မတတ်သာစွာဖြင့် တားလိုက်ရသည်။ : "တော်လောက်ပီ ညဖက်မှာ အများကြီးမစားနဲ့" သူသည် ဆိုင်ပိုင်ရှင်ဖက်သို့ လှည့်လိုက်ပီး ပြောလိုက်သည်။ : "သူ့အတွက်က အသားလုံးကင်တစ်ချောင်းနဲ့ ဆန်မုန့်တစ်ပွဲဆိုရင် ရပီ"

စုန်ယွီ၏နှုတ်ခမ်းထောင့်က အောက်သို့စိုက်သွားပေမယ့် ရှဲ့ဆွေ့စိတ်တိုင်းကျသာ ပေးလုပ်ထားလိုက်သည်။

ဆိုင်ရှင်သည် စိတ်အချဉ်ပေါက်ပေါက်ဖြင့် ပြောလိုက်သည်။ : "လူငယ်လေး မင်းကိုယ်မင်း ရည်စားကောင်မလေးအတွက် စီစဉ်ပေးနေတယ်များ ထင်နေတာလား?"

စုန်ယွီမှာတော့ စစ်မြေပြင်နေရာကို ပြောင်းသွားပီဖြစ်ကာ မုန့်တီခေါက်ဆွဲကို သွားဝယ်နေပီဖြစ်သည်။ နောက်မှာနေခဲ့သည့် ရှဲ့ဆွေ့က ဒီစကားတွေကို ကြားလိုက်ရသည့်အခါမှာတော့ အဓိပ္ပါယ်ပါပါဖြင့်ရယ်လိုက်ပီး သူ့ခံစားချက်တွေကတော့ သူ့၏နက်မှောင်နေသည့်မျက်လုံးများထဲတွင် ဖုံးကွယ်ထားသည်။

"အဲ့လိုပုံစံဖြစ်နေလား?"

ဆိုင်ရှင်က သူ့ကြောင့်မို့လို့ ပိုက်ဆံဝင်ပေါက်လျော့သွားရတာလေ။ သူသည် မျက်လုံးကိုလိမ့်ပြလိုက်ပီး ညည်းတွားလိုက်သည်။ : "အင်းလေ! မဟုတ်လို့လား!"

TIHCFCF Where stories live. Discover now