အခန်း (၁၂)

7.5K 1.6K 127
                                    

အခန်း (၁၂) – Scared Of You

~~~~~~~~~~~~~~~~~~~~

ရှဲ့ဆွေ့သည် အင်္ကျီလက်ကိုပင့်လိုက်ပီး သူ့၏ဖြူဖွေးနေသည့်လက်ကောက်ဝတ်လေးကို ဖော်လိုက်ကာ စုန်ယွီမျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ စုန်ယွီ၏chemistryစာရွက်အလွတ်ကို ကြည့်မိလိုက်သည့်အခါမှာတော့ သူသည် ခပ်တိုးတိုးတစ်ချက်ရယ်လိုက်ပီး "အာရုံမရလို့လား?"

ဘာလို့သူက 'ရေစက်တောက်လျှောက်ကျနေခြင်းက ကျောက်တုံးကိုပါးသွားစေသလို ကောင်းကင်ဘုံကလည်း လုံ့လဝီရိယရှိပီးကြိုးစားတဲ့သူတွေကို ကောင်းချီးပေးတယ်'ဆိုတဲ့ နည်းလမ်းကို ဘာလို့မသုံးတော့တာလဲ။

စုန်ယွီစိတ်က စာရွက်တွေပေါ်မှာ တစ်စက်လေးမှရှိမနေပေ။ သူသည်ရှဲ့ဆွေ့အားမေးလိုက်သည်။ "မင်းအလယ်တန်းကျောင်းက ကျူးကျီရှင်းဆိုတဲ့တစ်ယောက်ကို မင်းမှတ်မိလား?"

"သူက ဘာဖြစ်လို့လဲ?"

ရှဲ့ဆွေ့အသံက ပေါ့ပေါ့ပါးပါးပင်။ သူသည် စိတ်ထဲမှာတော့ လုံးဝဂရုမစိုက်ပေမယ့် အပြင်ဖက်မှာတော့ အံ့သြသွားချင်ယောင်ဆောင်လိုက်သည်။

စုန်ယွီကတော့ ထိုအမူအရာကိုကြည့်လိုက်ရင်း ကျူးကျီရှင်းသည် အလယ်တန်းစာသင်နှစ်တစ်လျှောက်လုံး၌ ရှဲ့ဆွေ့အတွက် အိပ်မက်ဆိုးတစ်ခုဖြစ်ခဲ့ပုံရမယ်လို့ ထင်လိုက်သည်။ သူသည်ပိုပီးတောင် စိတ်တိုသွားသည်။

"သူ့ကို မင်းဖက်က ဆဲချင်တာ တစ်ခုခုရှိလား? မင်းအစား ငါသူ့အမေဆိုင်မှာ ချရေးပေးမယ်"

သူသည် ပြန်တွေးလိုက်ပီးမှ ဖုန်းကို ရှဲ့ဆွေ့အားပေးလိုက်ပီး "ထားလိုက်တော့ မင်းကိုယ်တိုင်ရေးတာက ပိုအကျိုးသက်ရောက်မှုရှိတယ် ငါ့မှာ အကောင့်တစ်ထောင်ရှိတယ် အဲ့ဒါကြောင့် မင်းစိတ်ကြိုက်ကျိန်ဆဲလို့ရတယ်"

ရှဲ့ဆွေ့သည် ခေါင်းကိုငုံ့လိုက်ပီး စုန်ယွီ၏ဖုန်းစခရင်ကိုကြည့်လိုက်သည်။ ကျူးကျီရှင်းအမေ၏စားသောက်ဆိုင်က ထိုမျက်နှာပြင်ပေါ်တွင် ပေါ်နေသည်။

ပေးထားသမျှကွန်မန့်တွေအားလုံးက ကြယ်တစ်လုံးသာပေးထားသည့်အကောင့်တွေနှင့် ဝေဖန်ချက်တွေဖြစ်ပီး နောက်ဆုံးတစ်ခုကတော့ ရေးပီး တင်ထားတာ ၃စက္ကန့်သာရှိသေးသည်။

TIHCFCF Where stories live. Discover now