အခန်း (၄၇.၁)

4.6K 1.1K 38
                                    

အခန်း (၄၇.၁) – ငါက အသောက်အစားအပျော်အပါးမကင်းဘူး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပထမလပတ်စာမေးပွဲအတွက် ရူပဗေဒက တော်တော်လေးလွယ်ကူသည်။ အမှတ်ပြည့်ရသည့်သူတွေအများကြီးရှိသည်။ စီရင်စု၏ထိပ်တန်းကျောင်းတစ်ကျောင်းဖြစ်တာကြောင့် လူတိုင်းထက်သာလွန်နေသည့်ရှဲ့ဆွေ့ကလွဲရင် ကျင်းချန်နံပါတ်တစ်အထက်တန်းကျောင်းတွင် အဆင့်ထိပ်၌ ရှိသည့်ကျောင်းသားသူတွေ တော်တော်များများရှိသည်။ သူတို့အမှတ်တွေကလည်း မတိမ်းမယိမ်းပင်။

အခန်းအဆင့်ထွက်လာသည့်အခါမှာတော့ အဆင့်၉ဆိုသည့်သူ့နေရာကို စုန်ယွီစိတ်ထဲ တော်တော်လေးကိုကျေနပ်မိသည်။ နဂိုကသူစာကြိုးစားနေရခြင်းမှာ ကျောင်းစာအပေါ် သူအာရုံအပြည့်အဝစိုက်ထားကြောင်း ဥက္ကဌစုန်အား ထင်မြင်သွားစေချင်သောကြောင့်သာဖြစ်သည်။ သူက တစ်တန်းလုံးရဲ့အဆင့်၁၀၀အတွင်းလည်းဝင်သလို နှစ်သာသာကို အမှတ်ပြည့်တောင်ရသွားသေးသည်။ သူ့တာဝန်ကို ပြည့်စုံစွာ အောင်မြင်ခဲ့သည်။

ဒါကအရမ်းကောင်းတာပဲ။

မာရှောင်တင်းမှာအရမ်းဂုဏ်ယူနေလွန်းလို့ သူ့အမြှီးကမိုးပေါ်ကိုတောင်ထိုးနေသည်။ မသိရင် သူကိုယ်တိုင်ကပဲ အဆင့်၁၀၀အတွင်းဝင်သွားသည့်သူလိုလို "ငါ့အကိုကြီးယွီက တစ်ချိန်တည်းမှာပဲ ကျောင်းလူဆိုးကော စာနတ်ဘုရားကော ဟုတ်တယ်လို့ ပြောကြပါစို့ ကျင်းချန်နံပါတ်တစ်အထက်တန်းကျောင်းရဲ့ နှစ်ထပ်ကွမ်းဒက်ဒီဆိုတဲ့ သူ့နေရာကတော့ လုံးဝမြဲသွားပြီ"

တစ်တန်းလုံးအဆင့်၆၃ နှင့် အခန်းတွင် အဆင့်၆ရသည့် ရှီပေါ်ဝမ်ကတော့ မာရှောင်တင်း၏ပညာရေးမှတ်တမ်းကို ထိတ်လန့်စွာဖြင့် ကြည့်လိုက်ပြီး သူ့ထိုင်ခုံတွဲဖက်ကတော့ တကယ့်ကိုမယိမ်းမယိုင်ဘူးလို့ ခံစားလိုက်ရသည်။ "မင်းက ဒါနဲ့တောင် ရယ်နိုင်သေးတယ်ပေါ့လေ? အကိုမာ မင်းအဆင့်က ငါတို့၎ယောက်လုံးထဲမှာ အဆိုးဆုံးပဲ နောက်ဆုံးကရေရင် ၁၀ယောက်မြောက်မှာ ဒါကို နည်းနည်းလောက်ပြန်ပြီး ဆင်ခြင်သုံးသပ်သင့်တယ်လို့ မထင်ဘူးလား?"

မာရှောင်တင်းသည် လိုလီပေါ့ကို ကိုက်ထားလိုက်ပြီး စက္ကန့်အနည်းငယ်လောက် မှိန်းမောသွားကာ မသဲမကွဲဖြင့်ပြောလာသည်။ "စာမေးပွဲကပြီးတောင်ပြီးသွားပြီလေ အမှတ်တွေအဆင့်တွေကို အခုမှပြောနေတော့ ဘာထူးမှာလဲ?"

TIHCFCF Where stories live. Discover now