အခန်း (၄၉.၂)

4.2K 1K 15
                                    

အခန်း (၄၉.၂) 
~~~~~~~~~

မာရှောင်တင်း ကျောင်းလွယ်အိတ်နှင့် ခိုးဝင်လာသည့်အချိန် သူတို့အခန်းထဲ၌ ဘယ်သူမှမရှိသေးပေ။ သူသည် ဆိုဖာထောင့်နားတွင် အကုန်လုံးကိုသိမ်းထားလိုက်ပြီးနောက် ချက်ချင်းထိုင်ချလိုက်ကာ သူ့ကိုယ်ကိုအသုံးပြုပြီး မြင်ကွင်းပိတ်အောင် ကွယ်ထားလိုက်သည်။ သူသည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။

ရှိပေါ်ဝမ်ကတော့ အာလူးကြော်တစ်ထုတ်ကိုဖွင့်ကာ စားနေသည်။ သူသည် စားနေရင်း မသဲမကွဲဖြင့် ပြောလိုက်၏။ "ဘယ်လောက်တောင်တုန်လှုပ်နေလဲဆိုတာ မင်းကိုယ်မင်းပြန်ကြည့်ဦး"

မာရှောင်တင်းသည် သူ့ချွေးတွေကို သုတ်လိုက်၍ "လောင်ချန်မြင်သွားမှာ ငါက စိုးလို့ပါ"

ရှီပေါ်ဝမ် : "မင်း ဝိုင်ဘယ်နှစ်ပုလင်းဝယ်လာလဲ?"

မာရှောင်တင်း : "သံဗူးတွေ အများကြီးမဟုတ်ပါဘူး အိုး ဟုတ်သား အကိုကြီးယွီကသောက်လို့မရဘူး ငါမေ့သွားတော့မလို့ အချိန်ကျရင် ဒါတွေကို အကိုကြီးယွီနဲ့ဝေးဝေးမှာထားမှရမယ်"

ရှီပေါ်ဝမ်သည် သူ့မျက်လုံးကိုလိမ့်ပြလိုက်ပြီး "အကိုကြီးယွီက မင်းနဲ့လိုက်ရောမယ့်သူမျိုးမဟုတ်ဘူး"

"မင်းဘာဆိုလိုတာလဲ? မင်းက ငါ့ကိုအထင်သေးတာလား?!"

သို့ပေမယ့် သူ့စိတ်ထဲတွင် တစ်ခြားတစ်ခုကို ပိုပြီးစိတ်ပူနေတာကြောင့် ဒီအကြောင်းကိုဆက်ပြီးမပြောဖြစ်လိုက်ပေ။ မာရှောင်တင်းသည် တစ်ခုခုကို စောင့်မျှော်နေပုံအတိုင်း သူ့အကြည့်တွေက တံခါးကနေ နည်းနည်းလေးမှမရွေ့သွား။

ရှီပေါ်ဝမ်သည် သိချင်သွားတာကြောင့် "ကျန်းချူနျန်လာမှာလား?"

မာရှောင်တင်း : "ဟဲဟဲဟဲဟဲဟဲ"

ရှီပေါ်ဝမ် : "......."

ယောက်ျားလေးအနည်းငယ်က ဆက်တိုက်ရောက်လာသည်။ စုန်ယွီနှင့်ရှဲ့ဆွေ့တို့ကို မြင်လိုက်ပြီးတော့ သူတို့တွေ ထိတ်လန့်ကြောက်ရွံ့သွားပေမယ့် ထွက်တော့မသွားပဲ အကိုကြီးယွီ နှင့် နတ်ဘုရားရှဲ့လို့ ခေါ်လာကြပြီး အနားတွင် ဝင်ထိုင်ကြသည်။ သူတို့တွေက တစ်ခန်းတည်းကျောင်းသားတွေဖြစ်လာကြသည်မှာ တစ်လရှိပြီ။ သူတို့တွေက အနည်းငယ်ထိန်းထိန်းသိမ်းသိမ်းလေးရှိကြသေးပေမယ့် စိတ်လွတ်ကိုယ်လွတ်နေလိုက်ဖို့ကလည်း သိပ်မခက်ပေ။ ကောင်မလေးတွေအတွက်သာ ပိုပြီးဒုက္ခဖြစ်လောက်မှာပင်။

TIHCFCF Where stories live. Discover now