Description

44.8K 2.3K 79
                                    

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏အမြောက်စာငယ်သူငယ်ချင်းဖြစ်သွားခြင်း

Description

အဓိကဇာတ်လိုက် ရှို့ ရှဲ့ဆွေ့သည် ကောင်းကင်ကြီးက မျက်နှာသာပေးခံရသည့် သားတော်ဖြစ်သည်။ သူ့တွင် အရမ်းကိုမှထင်ရှားကျော်ကြားသည့်နောက်ခံရှိပီး သူ့ကိုယ်ပိုင်စရိုက်ကလည်း အေးစက်လွန်းပီး စိတ်ဆန္ဒဆိုတာလည်းမရှိသည့်သူတစ်ယောက်ဖြစ်ပေမယ့် သူ့အား အရူးအမူးပိုးပန်းကြသူတွေက အများကြီးပေ။ နူးညံ့သည့်စီနီယာကနေ တစ်စုံတစ်ခုအပေါ်သံသယလွန်ကဲလွန်းသည့်ဥက္ကဌမှအစ အလွန်တရာမောက်မာ မာနကြီးသောရန်ဘက်ကြီးအဆုံးထိပင်။ ထိုလူတွေသည် သူတို့၏သက်ဆိုင်ရာနယ်ပယ်များတွင် ထိပ်တန်းခေါင်းဆောင်ကြီးများဖြစ်ကြပေမယ့် ထိုလူတွေက အဓိကဇာတ်လိုက်အပေါ် အလွန်မှကို အရူးအမူးဖြစ်နေကြတာဖြစ်သည်။

ဇာတ်လိုက်အား စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာကော အမျိုးမျိုးနှိပ်စက်ညင်းပန်းပီးနောက်မှာတော့ ထိုသုံးယောက်သားတူညီစွာဆုံးဖြတ်လိုက်ကြတာကတော့ သူတို့တွေသည် အင်အားပူးပေါင်းပီး ရှဲ့မိသားစုကို ဖျက်ဆီးကာ ရှဲ့ဆွေ့ကို ပိတ်လှောင်ထားပီး သူ့မာနကိုရိုက်ချိုးပီးနောက် အိမ်မွေးတိရ စ္ဆာန်လေးတစ်ကောင်လို သူတို့အပေါ် အားကိုးလာဖို့ လုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုအချိန် စာဖတ်သူအပေါင်းတို့က သနားလွန်းသဖြင့် ငိုကျွေးနေကြသည်လေ " Wu Wu Wu ဒီခံစားချက်ကြီးက ~ "

စုန်ယွီသည် ဒေါသထွက်လွန်းလို့ ရူးတောင်ရူးချင်သွားသည်။ အလကားမျက်စိကိုသာ ဒုက္ခပေးမည့်ဒီဝတ္ထုကြီးကို လုံးဝဆက်မဖတ်နိုင်တော့တာကြောင့် သူသည် "အရူးတွေ"ဆိုပီး ဆဲလိုက်ပီး လျှင်မြန်စွာပဲ လိုင်းပေါ်ကဆင်းသွားတော့သည်။

အဲ့အတွက်ကတော့ သူနိုးလာသည့်အခါ သူ့ဝိညာဉ်က ကူးပြောင်းသွားသည်လေ။

သူကူးပြောင်းသွားသည့်နေရာကတော့ ထိုဝတ္ထုထဲက စုန်မိသားစု၏တတိယသခင်လေးဆိုသူထံတွင်ဖြစ်ပီး သူသည်ဝတ္ထုထဲတွင် တကယ့်ကိုခဏတဖြုတ်လေးသာပါသွားပီးနောက် ကုသ၍မရသည့်ရောဂါဖြင့် သေဆုံးသွားရသည်။ နောက်ပီး ဒီတတိယသခင်လေးက ရှဲ့ဆွေ့၏ငယ်သူငယ်ချင်းတစ်ယောက်လဲဖြစ်သည်။

TIHCFCF Where stories live. Discover now