အခန်း (၅၀)

4.7K 1K 66
                                    

အခန်း (၅၀) – Truth Or Dare
~~~~~~~~~~~~~~~~~~~~~~

ကျန်းချူနျန်သည် ကတ်တွေကို ထုတ်လိုက်ပြီး ဂိမ်းစည်းကမ်းတွေကို တက်ကြွစွာဖြင့် ရှင်းပြလိုက်သည်။ "စုစုပေါင်းကတ်၁၅ကတ်ရှိမယ် AကနေKအထိရယ် ဂျိုကာအကြီးအသေးကတ်ရယ် တကယ်လို့ ဂျိုကာအသေးကတ်ကို ရွေးမိသွားရင် တစ်ခြားကတ်တစ်ခုခုနဲ့တွဲပြီး တုံ့ပြန်လို့ရတယ် အိုး ပြီးတော့ ဒါက လူ၁၅ယောက်အတွက် ဂိမ်းဆိုတော့ ဂိမ်းဆော့တဲ့သူတွေကြား ပါဝင်ချင်စိတ်ပိုမြင့်လာအောင် ကြိုးစားသင့်တယ်နော်"

သူမသည် ရှင်းလင်းစွာပြောသွားပြီး 'တုံ့ပြန်' နှင့် 'ပါဝင်ချင်စိတ်' ကိုပြောသည့်အခါမှာတော့ စုန်ယွီနှင့်ရှဲ့ဆွေ့ကို ကြည့်လိုက်ကာ သူမမျက်လုံးထဲတွင်တော့ အပြုံးလေးတစ်ခုရှိနေသည်။

ကျန်းချူနျန်၏ရည်မှန်းချက်ကို ဒီမှာရှိနေသည့်မိန်းကလေးတွေတော်တော်များများက အခြေခံလောက်သိနေတာကြောင့် စတင်ရယ်မောကြသည်။

"ကောင်းပြီ ဒါဆိုရင် စကြရအောင် တကယ်လို့နင်သာဆက်ပြီးစကားပြောနေရင် အရိုက်ခံရတော့မယ်လို့ ငါခံစားနေရတယ်"

ကျန်းချူနျန် : "ကောင်းပြီ ကောင်းပြီ ငါအချိန်မဖြုန်းတော့ပါဘူး ကတ်ကိုရွေးကြတော့ ရွေးကြတော့ ယဉ်ကျေးမနေကြနဲ့"

ကောင်လေးတွေထဲမှာလဲ တက်ကြွနေသည့်သူတွေရှိသည်။

"ခိုးမကြည့်ကြေး"

"မြန်မြန် ဂျိုကာအကြီးကတ်ကို ငါရွေးလို့ရအောင် အချိန်မဆွဲကြနဲ့"

လူတိုင်းက ကတ်တစ်ကတ်စီရွေးလိုက်ကြသည်။ သူတို့ရွေးထားသည့်ကတ်ကို ဘယ်သူကမှ တစ်ခြားသူကိုမပြရဲကြပေ။ ဘာကြောင့်ဆို သူတို့ပစ်မှတ်ထားခံရပြီး ခေါ်ထုတ်ခံရမှာကြောက်လို့ပေ။ ဘယ်လောက်တောင်ကံမကောင်းလိုက်လဲ

စုန်ယွီက Kကတ်ကို ရွေးမိလိုက်တာဖြစ်သည်။

မာရှောင်တင်းသည် သူ့ကတ်ကိုတောင်မကြည့်ရသေးပေမယ့် ကိုယ်ကိုဘေးကိုင်းလိုက်ပြီးမေးလိုက်သည်။ "အကိုကြီးယွီ အကိုကြီးယွီ အကိုဘာရထားလဲ?"

စုန်ယွီသည် သူ့အားရှောင်လိုက်ကာ ဖြေးဖြေးချင်းပြောလိုက်သည်။ "မင်းရန်စလို့မရတဲ့ကတ်"

TIHCFCF Where stories live. Discover now