အခန်း (၅၉.၂)

1.6K 308 48
                                    

အခန်း (၅၉.၂) - မင်းကိုချစ်မိသွားတယ်ဆိုတာက အလိုလိုဖြစ်လာတာ 

စုန်ယွီမှာ  စိတ်ရှုပ်ထွေးမှုတွေထဲ ပိတ်မိသွားပြီး ဒီအကြောင်းနဲ့ပတ်သတ်ပြီး သူ့ဖက်ကနေ စကားစဖို့ကလည်း ခက်ခဲသည်။ "အဲ့လိုမဟုတ်ဘူးလေ မင်းက ဘယ်လိုလုပ်ပြီး ငါ့ကိုကြိုက်မှာလဲ?" 

ရှဲ့ဆွေ့ကတော့ ရှင်းရှင်းလေးသာ ပြောလိုက်သည်။ "ငါ့အပေါ်ကောင်းတဲ့လူတစ်ယောက်ကို ကြိုက်မိသွားတာက ပုံမှန်ပဲမဟုတ်ဘူးလား?" 

စုန်ယွီ : "???!!!" 

F*ck me! 

သူရုတ်ချည်းအသိဉာဏ်အလင်းပွင့်သွားသလိုပင်။ 

စုန်ယွီမှာ စကားတောင်မပြောနိုင်တော့ပေ။ သူ့တစ်ကိုယ်လုံးမှာ တောင့်ခဲနေတော့သည်။ 

—ငါ့အပေါ်ကောင်းတဲ့လူတစ်ယော်ကို ကြိုက်မိသွားတာက ပုံမှန်ပဲမဟုတ်ဘူးလား? 

ဒါပေါ့။ ဟုတ်တာပေါ့။ သူဘယ်လိုလုပ်ပြီးမေ့သွားနိုင်ရတာလဲ? မူရင်းဇာတ်လမ်းထဲက မှတ်ဉာဏ်တွေက ရုတ်တရပ် သူ့ခေါင်းထဲ ဝင်ရောက်လာတော့သည်။ ချင်းမော့ကနေပြီး သူ့နှလုံးသားထဲဝင်ရောက်သွားနိုင်တာက ဘာကြောင့်လဲဆိုရင် သူက ရှဲ့ဆွေ့အပေါ်ကောင်းခဲ့ပေးလို့မလား? သူအမှောင်ထဲ လမ်းပိတ်နေတဲ့အချိန် ချင်းမော့ကနေပြီး ရှဲ့ဆွေ့အတွက် ကယ်တင်ရှင်တစ်ယောက်လိုဖြစ်ပေးခဲ့လို? သူ့ရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘဝမှာ တစ်ခုတည်းသောအလင်းရောင်ဖြစ်ပေးခဲ့လို? ဒါပေမယ့် နဂိုဇာတ်လမ်းထဲမှာတော့ ရှဲ့ဆွေ့က ချင်းမော့ကို သူ့အတွက် အကောင်းဆုံးသူငယ်ချင်းတစ်ယောက်လိုပဲ သတ်မှတ်ထားတာလေ။ 'သူ့ကိုကြိုက်တယ်'ဆိုတာက ဘယ်ကနေ ထွက်လာတာလဲ?! 

ခင်မင်ရင်းနှီးမှုကနေပြီး အချစ်ကို အဆင့်ကျသွားတာပေါ့။ 

—သူ့ဖက်ကနေ ရှဲ့ဆွေ့အပေါ်အရမ်းကြင်နာကောင်းမွန်ပေးခဲ့လိုများလား?

... F*ck. သူတွေးလေလေ ဒါကြီးက ဖြစ်နိုင်လာလေလေပင်။ 

စုန်ယွီမှာ စိတ်တွေကယောက်ကယက်ဖြစ်နေပေမယ့် ဒါက စုန်ယွီကို သူကြိုက်နေလို့မဟုတ်တော့ သေချာသည်။ သူ ရှဲ့ဆွေ့၏ကြည်လင်နွေးထွေးနေသည့်မျက်လုံးတွေထဲ အကြာကြီးစိုက်ကြည့်နေလိုက်ပြီးနောက် သူ့ခေါင်းကိုကုတ်လိုက်ကာ စကားထပ်ပြောဖို့ တွေဝေတွန့်ဆုတ်နေသည်။ 

TIHCFCF Where stories live. Discover now