အခန်း (၂၁.၃)

6.1K 1.3K 88
                                    

အခန်း (၂၁.၃) –အသိတွေနှင့်တွေ့ဆုံခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~

သက္ကလပ်ရှပ်က အခြေအနေတွေကြောင့် နည်းနည်းစိတ်ရှုပ်သွားသည်။ ဆံနီသည် သူ့ရှေ့က အခြေအနေကို အကြာကြီးစိုက်ကြည့်နေပီး ဘာလုပ်ရမှန်းမသိပေ။ သူသည် သူ့နောက်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့နောက်လိုက်အငယ်လေးတွေတစ်ချို့က အခုထိဒဏ်ရာရထားတုန်း။ သူတို့တွေက စုန်ယွီကို ကပ်ဆိုးနတ်ဘုရားကဲ့သို့ ကြည့်နေပီး အလိုလိုနောက်နည်းနည်းဆုတ်လိုက်ကြသည်။

ဆံနီ : "......"

စုန်ယွီသည် သက္ကလပ်ရှပ်ကိုတောင် လွတ်ပေးလိုက်ပီးပီ။ သက္ကလပ်ရှပ်ကတော့ မတ်တပ်ထရပ်ပီး သူ့လုပ်ပိုင်ခွင့်ကို ကြေငြာဖို့ အင်အားမရှိတော့။ သူသည် နောက်သို့ဆုတ်သွားပီး လေကိုသာ အငမ်းမရရှုနေသည်။ ချန်ကျီကျယ်လည်းပဲ နောက်သို့ဆုတ်သွားကာ သူ့မျက်နှာကဖြူဖျော့နေသည်။ အသက်ရှုဝသွားးတော့မှ သက္ကလပ်ရှပ်သည် စုန်ယွီကို လက်ညိုးငေါက်ငေါက်ထိုးပီး ဆံနီကိုအော်ပြောလိုက်သည်။ "အဲ့ကောင်! အဲ့ကောင်တစ်ကောင်ပဲ! မင်းတို့ကောင်တွေက လျန်ယွမ်လမ်းပေါ်က လူမိုက်အုပ်စုမဟုတ်ဘူးလား! အခုတော့ မင်းတို့က အထက်တန်းကျောင်းသားလေးတစ်ယောက်ကိုတောင် ရင်ဆိုင်ရမှာကြောက်ပြနေတယ်ပေါ့! ဒီခွေးမသားက ရောက်လာပီး ငါ့ကိုလာစိန်ခေါ်နေတယ်လေ!"

ဆံနီ၏နှုတ်ခမ်းတွေတွန့်သွားတော့ သူ့မျက်နှာပေါ်က အမာရွတ်က ပိုပီးတောင်ကြမ်းကြုပ်သွားစေတော့သည်။ "လာစိန်ခေါ်တာ အာ..."

အခန်းထဲမှာရှိသည့်သူတိုင်းက အသက်ရှုအောင့်ထားပီး နားထောင်နေလိုက်သည်။ ဒါပေမယ့် သူတို့မြင်လိုက်ရတာကတော့ ဆံနီသည် ခေါင်းကိုတိမ်းစောင်းလိုက်ပီး သက္ကလပ်ရှပ်ကို ဖြည်းဖြည်းချင်းပြောလိုက်တာကတော့ "... ဘာလို့ ငါတို့တွေ ရဲစခန်းကို အကြောင်းမကြားတာလဲ"

သူ့ပါးစပ်က အဲ့လိုထွက်သွားလိုက်တာနှင့် သူ့တစ်ဝိုက်လုံးက လုံးဝကိုတိတ်ကျသွားသည်။

သက္ကလပ်ရှပ်ဒေါသထွက်နေတာက ငါးပူဖောင်းကြီးတစ်ကောင်လိုပဲ။ သူသည် ရှေ့ကိုသွားပီး ဆံနီရဲ့မျက်နှာတည့်တည့်ကို ထိုးပစ်လိုက်ချင်ပေမယ့် သူ့လက်ကျန်အသိစိတ်လေးနှင့် စိတ်ထိန်းထားကာ အော်ပြောလိုက်သည်။ "ရဲကိုအကြောင်းကြားမယ်?! ငါ့တို့အားလုံးကို လာဖမ်းပါဆိုပီး ရဲကိုအကြေားကြားရမှာလား?"

TIHCFCF Where stories live. Discover now