အခန်း (၁၁)

7.4K 1.6K 105
                                    

အခန်း (၁၁) – ဒေါသပုံချခြင်း

Eng translator: xiin
~~~~~~~~~~~~~~~~~~~

ဦးလေးမာတစ်ယောက် ဖုန်းလက်ခံပြောဆိုပီးသွားချိန် သူ့မျက်နှာတစ်ခုလုံး၌ မေးခွန်းပေါင်းများစွာဖြစ်သွားပီး "ဘာ???"

ဒါပေမယ့်လည်း သူသည် သခင်လေး၏စကားအတိုင်း လိုက်နာကာ ကားကိုမောင်းဝင်လာတော့သည်။

မှောင်မဲမဲလမ်းပေါ်တွင် ကားမီးရောင်က မျက်စိကျိန်းလောက်သည်။ လမ်းသူရဲတွေသည် မျက်လုံးတောင်မဖွင့်နိုင်တော့ပဲ သူတို့မျက်နှာတွင်တော့ ကြောက်ရွံမှုတွေဖြစ်လာတော့သည်။

"F*ck me! သူက တကယ်ကြီးလုပ်နေတာလား?"

ဆံနီသည် စုန်ယွီအား အရူးတစ်ယောက်ကို ကြည့်သလိုမျိုးကြည့်လာသည်။ တစ်ခုခုများတကယ်ကြီးဖြစ်သွားမှာကို စိုးရိမ်တာကြောင့် သူသည် တုန်ချိချိနှင့် မတ်တပ်ရပ်လိုက်ပီး "မင်း စောင့်နေ!" သူ့နောက်လိုက်အနည်းတို့သည် လက်ထဲမှာကိုင်လာသည့်အရာတွေကို ပစ်ချလိုက်ပီး သူတို့ခေါင်းဆောင်ကိုထူလိုက်ကာ ထိုနေရာကနေ ထွက်ပြေးတော့သည်။

ဦးလေးမာသည် ဟွန်းအနည်းငယ်တီးလိုက်ပီး လမ်းသရဲတွေထွက်သွားတာကိုတာ အသံတိတ်ကြည့်နေလိုက်သည်။ ပီးမှ သူသည် ကားကိုဆက်မောင်းလိုက်ပီး စုန်ယွီအရှေ့တွင် ရပ်လိုက်သည်။

စုန်ယွီကတော့ ရှဲ့ဆွေ့ကို စကားဆက်ပြောနေတုန်းပင်။ "ဒီအတိုင်းလမ်းသရဲလေးတွေပါ သူတို့တွေ မင်းကိုရန်လာရှာရင် ပြန်ပီး ရန်မဖြစ်နဲ့ 110ကို အကျိုးရှိရှိအသုံးချ!"

သူသာအနားမှာမရှိလျှင် ရှဲ့ဆွေ့တစ်ယောက်လက်ကြိုးသွားသည့်အခြေအနေကနေ မလွတ်ပဲဖြစ်သွားမည်ကို စိုးရိမ်မိနေသည်။

ရှဲ့ဆွေ့၏မျက်လုံးနက်နက်များတွင်တော့ စစ်မှန်သည့်အပြုံးများဖြင့် ခေါင်းကို တစ်ချက်ညိမ့်ပြလိုက်သည်။

စုန်ယွီသည် ဆက်ပြောလိုက်သည်။ "မင်း ကျန်းမာရေးနဲ့အသက်အာမခံဝယ်ထားတာရှိလား?"

ရှဲ့ဆွေ့ : "မဝယ်ထားဘူး"

စုန်ယွီသည် ဘယ်လိုလုပ်ရမလဲဆိုတာကို သင်ပေးလိုက်သည်။ "အာမခံကိုသွားဝယ်ထား ဒါဆိုရင် မင်း နောက်ပိုင်းကျ လျန်ယွမ်လမ်းတစ်ခုလုံးကို အလျားလိုက်လျှောက်သွားလို့ရပီ"

TIHCFCF Where stories live. Discover now