အခန်း (၂၂.၁)

5.7K 1.2K 27
                                    

အခန်း (၂၂.၁) – မိန့်ခွန်း
~~~~~~~~~~~~~~~~

ကော်ရစ်ဒါဆီထွက်လာသည်အထိ မာရှောင်တင်းသည် တွေဝေမှိန်းမောနေဆဲဖြစ်ပီး အ​စောနလးတင်ုမြင်ခဲ့ရသည့်မြင်ကွင်းက သူ့ကို အခုထိလွှမ်းမိုးနေဆဲဖြစ်ပုံရကာ အသက်မဲ့နေသလိုဖြစ်နေတဲ့ကျူကျီရှင်းကို သယ်လာဖို့ သူ့နောက်လိုက်လေးတွေကို ပြောလိုက်သည်။

သူသည် စုန်ယွီနောက်ကနေ အလေးဂရုစိုက်၍လိုက်လာပီး 'အကိုကြီးယွီ'ဆိုသည့် သူ့ခေါ်သံကလည်း ကြည်လင်ကျယ်လောင်နေသည်။ မသိရင် သူ့ပုံစံက တစ်လမ်းလုံးရှိသမျှလူတွေ ကြားသွားစေချင်နေသည့်အတိုင်းပင်။

သူ့နောက်တီးနောက်တောက်မူဟန်ကြောင့် စုန်ယွီသည် စိတ်အနှောင့်ယှက်ဖြစ်သွားရပီး "မင်းဘာလုပ်နေတာလဲ?"

သူ မာရှောင်တင်းနဲ့စာရင်းမရှင်းရသေးဘူး –– တကယ်လို့သာ ဒီနေ့သူမလာခဲ့ရင် သူက သူ့နောက်လိုက်လေးတွေနဲ့ ချန်ကျီကျယ်ကို သွားရှာပီး ကိုယ့်ဘာသာကိုယ်အရိုက်ခံကြဖို့ သွားကြမှာလား?

ကိုယ့်အခြေအနေကိုယ်မသိတဲ့ မာရှောင်တင်းကတော့ "အကိုကြီးယွီ! အဲ့လူအုပ်ကြီးကို ဘာလို့ ဒီတိုင်းလွတ်ပေးလိုက်တာလဲ! အစတုန်းက သူတို့တွေ ဘယ်လောက်တောင်ရွံစရာကောင်းလဲဆိုတာ အကိုမမြင်ဘူးလား? နောက်ပီး ဒီနေ့ အကိုကြီးရဲ့သုံးသွားတဲ့အကွက်တွေ! အခုတော့ ကျွန်တော်တို့က လင်ချင်းလမ်းမပေါ်မှာ လုံးဝကို နာမည်ကြီးသွားပီ! ကျောင်းလူမိုက်တွေဆိုတာ ဘာမှမဟုတ်ဘူး –– ကျွန်တော်တို့က ဒီလမ်းပေါ်မှာ ခေါင်းဆောင်ပဲ! ဒီလိုဂုဏ်ပုဒ်မျိုး!"

စုန်ယွီ : "......"
ဒီလိုကောင်စုတ်လေးတွေကသာ နေရာတကာရန်ပွဲတွေကို လိုက်ရှာနေမှာ။

သူသည် ဆက်ပီးသည်းမခံနိုင်တော့တာကြောင့် အေးစက်စွာဖြင့် ပြောလိုက်သည်။ "မင်းကို ငါဘယ်နှစ်ခေါက်ပြောရမလဲ? ငါဒီကိုလာတာ စာသင်ဖို့"

သူ့ရဲ့စူးစိုက်သည့်အကြည့်တွေကြောင့် မာရှောင်တင်းသည် နာကျင်ထိခိုက်သွားပီး နောက်ဆုံးတော့ တိတ်ကျသွားသည်။ သူတို့လမ်းလျှောက်နေရင်း သူတို့ဘေးက မြင်ကွင်းတွေက ရင်းနှီးနေတယ်ဆိုတာကို မာရှောင်တင်း ရုတ်တရပ် တွေ့ရှိသွားသည်။ "အာ ကျွန်တော်တို့သွားနေတဲ့ဘက်က ဘယ်လိုလုပ်ပီး ကျွန်တော်တို့ရဲ့အလယ်တန်းကျောင်းဖက်ဖြစ်နေတာလဲ?"

TIHCFCF حيث تعيش القصص. اكتشف الآن