အခန်း (၃၆.၂) – ASlap In The Face ~~~~~~~~~~~~~~~~~~~~~~~~~~~
ရှဲ့ဆွေ့ဖက်မှ သူမှားကြောင်းဝန်ခံသည့်အပြုအမူက ကောင်းတယ်လို့ စုန်ယွီခံစားရတာကြောင့် အချက်လေးတွေ ဆက်ပီးထောက်ပြပေးချင်ပေမယ့် သူ့ဖုန်းက မြည်လာပီး သူ့အတွေးရထားကို နှောင့်ယှက်လိုက်သည်။ သူသည် ဖုန်းခေါ်လာသည့်သူကို ကြည့်လိုက်တော့၊ အိုးယိလျန်။ သူသည် ပြတ်ပြတ်သားသားပဲ ဖုန်းကိုချပစ်လိုက်သည်။ သို့ပေမယ့် ကြည့်ရတာ အိုးယိလျန်သည်ဆက်တိုက်ခေါ်နေဖို့ လုပ်နေပုံရသည်။ ဘာတွေဖြစ်နေတာလဲဆိုတာကို စုန်ယွီခန့်မှန်းလို့ရပါသည်။ ဝမ်စစ်အကြောင်းပဲဖြစ်မှာ သေချာတယ်။ "ဘာကိစ္စလဲ?" အိုးယိလျန်၏ဒေါသတကြီးလေသံက ဖုန်းတစ်ဖက်ကနေ ထွက်လာသည်။ "ရှဲ့ဆွေ့ နင်နဲ့အတူရှိနေလား?"
စုန်ယွီ : "ခန့်မှန်းကြည့်လေ"
အိုးယိလျန်က အရမ်းကိုဆက်ဆက်ထိမခံဖြစ်နေတာကြောင့် သူမအသံကလည်း အရမ်းကို နားဝင်ဆိုးလွန်းလှသည်။ "ငါ သူ့အိမ်ဖုန်းကို ခေါ်တော့ သူ့အဘွားပြောတာ သူအိမ်ပြန်မရောက်သေးဘူးတဲ့ သူ့ဖုန်းကို ငါခေါ်တော့ ဖုန်းပိတ်ထားတယ် ခေါ်စရာကျန်တဲ့သူဆိုလို့ နင်တစ်ယောက်ပဲကျန်တယ်လေ နင်သူ့ကိုရှာလို့ရမလား? နင်ရှာတွေ့တဲ့ခါ ငါ့ရုံးခန်းကို ချက်ချင်းလာဖို့ပြောလိုက်! တကယ်လို့ နောက်ကျနေရင်တော့ သူ တနင်္လာနေ့ကျောင်းလာစရာမလိုတော့ဘူး"
စုန်ယွီသည် စိတ်တိုလို့ပြုံးသာနေလိုက်သည်။ အိုးယိလျန်ကနေပီး သူ့ကိုဘယ်တုန်းကများ အမိန့်ပေးနိုင်သွားရတာလဲ?
သို့ပေမယ့် သူမကသွားတော့မှာဆိုတာကို သူမကသိတောင်မသိဘူးလေ။ ဒီတော့ သူမကို နောက်ဆုံးသင်ခန်းစာလေးပေးလိုက်ဖို့ စုန်ယွီဆုံးဖြတ်လိုက်သည်။ သူသည် ဖုန်းကို ကြည့်လိုက်ပီး ပြုံးကာ "သူဒီမှာရှိတယ် အခုချက်ချင်းသူလာမှာ တစ်ခုဝယ်တစ်ခုအပိုလက်ဆောင်အတိုင်း ကျွန်တော်လည်း လိုက်လာခဲ့မယ်"
သူသည် ဖုန်းကိုသိမ်းလိုက်ပီးနောက် ရှဲ့ဆွေ့အားပြောလိုက်သည်။ "သွားရအောင် မင်းအတွက်ငါလက်စားချေပေးမယ်"
*
ရုံးခန်းအပြင်ဖက်။
အိုးယိလျန်သည် ဖုန်းချလိုက်သည်။ သူမမျက်နှာတွင် ကြောက်ရွံ့ခြင်းနှင့် ဆောက်တည်ရာမရခြင်းတွေ ပြည့်နေသည်။ ရုံးခန်းအပြင်မှာ အကြာကြီးနေပီးတော့မှ သူမသည် အတွင်းကို ပြန်ဝင်သွားလိုက်သည်။ ရုံးခန်းအတွင်းတွင်တော့ အမျိုးသမီးတစ်ယောက်ထိုင်နေသည်။ သူမသည် မိတ်ကပ်မထူမပါးလိမ်းထားပီး ဂါဝန်ရှည်ကိုဝတ်ဆင်ထားကာ လက်ထဲတွင် ပိုက်ဆံအိတ်ကို ကိုင်ထားသည်။ သူမသည် မျက်နှာပေါ်က အေးစက်စက်အမူအရာနှင့် ခုံပေါ်တွင်ထိုင်နေသည်။
VOCÊ ESTÁ LENDO
TIHCFCF
Romanceပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း / ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း Transmigrating Into The Heartthrob's Cannon Fodder Childhood Friend Associated Names 穿成万人迷的炮灰竹马 Author(s) This Concubin...