အခန်း (၄၂.၁)

4.4K 1K 49
                                    

အခန်း (၄၂.၁) – ဒီတော့ငါ့အမှတ်တွေကို သိချင်တယ်ပေါ့?
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆရာချန်း၏စကားတွေက လှိုင်းပေါင်းထောင်ချီဖြစ်သွားစေပြီး အခန်းတစ် တစ်ခန်းလုံးကိုဆူညံ့သွားစေတော့သည်။

လူတိုင်းက ဝမ်စစ်ကိုကြောက်ကြသည်။ ဘယ်ကြောင့်ဆိုဆို ကျင်းမြို့တွင် အဆင့်အတန်းမြင့်မားသည့်မိသားစုတွေက အနည်းငယ်သာရှိပြီး ကျောင်းသားအများစုမှာတော့ သူတို့မိသားစုတွေက ပိုက်ဆံအနည်းငယ်သာရှိကာ ဝမ်မိသားစုအဆင့်အတန်းနားကို ရေးရေးလေးတောင်မှ မကပ်နိုင်ပေ။ ထပ်ပေါင်းပြောရရင် လူတွေတော်တော်များများ၏အကျင့်စရိုက်က သွေးဆောင်ရန်လွယ်ကူကြပြီး သဘောထားပျော့ပျောင်းတာကြောင့် သူတို့တွေက အားကြီးသည့်သူတွေကို မြောက်ပင့်ချင်ကြသည်။

ဝမ်စစ်က ကျောင်းပထမအပတ်တွင် သိပ်မလာပေမယ့် သူ့အနိုင်ကျင့်တတ်သည့်ကြမ်းကြမ်းတမ်းတမ်းစရိုက်က သူတို့တွေကို သက်တောင့်သက်သာမဖြစ်စေပေ။

သူကျောင်းပြောင်းသွားတာကလည်း ကောင်းပါတယ်

ကျောင်းသူကျောင်းသားတွေက သူတို့စိတ်ထဲမှာပဲ သက်ပြင်းချလိုက်ကြသည်။

စုန်ယွီသည် သူ့နှုတ်ခမ်းကိုအသာစေ့ထားလိုက်ပြီး ဘာမှတော့မပြောပေ။ ဝမ်စစ်ထွက်သွားတာက ကောင်းသည်။ သူကျင်းမြို့မှာရှိနေသည့်၃နှစ်လုံး သူ့မြင်ကွင်းထဲပေါ်မလာရင် အကောင်းဆုံးပဲ။

ဆရာချန်းက ဝမ်စစ်အကြောင်းဘာမှသိပ်မပြောပေ။ သူသည် အရပ်ရှည်ရှည်ကျောင်းသားနှစ်ယောက်ကိုသာ စားပွဲခုံတွေရွှေ့ဖို့ ခိုင်းလိုက်သည်။

သူသည် အတန်းခုံနေရာချထားမှုအပေါ် ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကာ "လပတ်စာမေးပွဲပြီးသွားတဲ့အခါကြမှ ဆရာတို့ ထိုင်ခုံနေရာကို ပြန်စီကြတာပေါ့ တကယ်လို့ မင်းတို့တွေရဲ့လက်ရှိထိုင်ခုံနေရာကိုပဲ မင်းတို့ဆက်ယူထားမယ်ဆိုရင် အတန်းချိန်အတွင်း စကားပြောရမယ့်သူမရှာတွေ့မှာကို စိတ်ပူစရာမလိုတော့ဘူးပေါ့"

တစ်ခန်းလုံးရယ်မောကျသွားသည်။

ဆရာချန်သည် ကျောင်းသားတွေကို စိုက်ကြည့်လိုက်ပြီး "ဆရာက အခုမှ ကျင်းချန်နံပါတ်တစ်ကိုပြောင်းလာပြီး မင်းတို့အတန်းကိုတာဝန်ယူပေးရတာပဲ ဒီပထမဆုံးလပတ်စာမေးပွဲက ဆရာဂုဏ်သတင်းနဲ့လည်းသွားသက်ဆိုင်တယ် ဒါကြောင့် ဆရာကိုမျက်နှာပျက်အောင်တော့မလုပ်ကြနဲ့နော် - တကယ်လို့ မင်းတို့တွေစာမေးပွဲမှာ ကောင်းကောင်းမလုပ်နိုင်ခဲ့ရင်တော့ မင်းတို့တောင်းဆိုတာထက်ပိုများအောင် ဆရာ့ဖက်ကပြန်အပြစ်​ပေးမှာနော်"

TIHCFCF Where stories live. Discover now