အခန်း (၃၄.၂) – ရှုရှန်းအဆောင် ~~~~~~~~~~~~~~~~~~~~~
တကယ်တမ်းတော့ သောကြာနေ့ တစ်နေကုန် စာသင်ချိန်တွေ၌ စုန်ယွီသည် အာရုံသိပ်မရှိပေ။ ရှေ့ညကရှဲ့ဆွေ့နှင့် စကားပြောပီးသည့်နောက် သူသည် ကောင်းမွန်သည့်အိပ်စက်ခြင်းလေးရခဲ့ပေမယ့် အိုးယိလျန်၏အတန်းချိန်ရောက်လာသည့်အခါ သူအိပ်ချင်နေတုန်းပင်။ ပြတင်းပေါက်ဖွင့်ထားပီး လေအေးတွင် တိုက်နေတာကြောင့် သူသည်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။
အိုးယိလျန်ကျောက်သင်ပုန်းတွင် စာရေးပီးနောက် ပြန်လှည့်လာသည့်အခါ စုန်ယွီအိပ်ပျော်နေသည့်မြင်ကွင်းက သူမကို မိတ်ဆက်နေသည်။ သူမ၏မကျေနပ်မှုတွေ မကျေမချမ်းဖြစ်မှုတွေအားလုံးကထိုအခိုက်မှာ ပေါက်ကွဲထွက်လာပီး တစ်ခန်းလုံးရှေ့တွင် ပြောလိုက်သည်။"တစ်ချို့သူတွေက တကယ့်ကိုအသိမရှိတာပဲ"
"ကျန်းမာရေးမကောင်းတာနဲ့ ပိုကောင်းတဲ့အခွင့်ထူးတွေရမယ်လို့များ ထင်နေကြတာလား? အပြင်ထွက်ပီး လူမှုရေးနယ်ပယ်ထဲရောက်တာနဲ့ ကျန်းမာရေးထောက်ခံစာကို မှီခိုနေလို့ သူများတွေကအလုပ်ပေးလာမှာလား? သူတောင်းစားတွေတောင်မှ ဒါထက်ပိုပီးသိက္ခာရှိသေးတယ်"
သူမမျက်လုံးတွေကစုန်ယွီကို စိုက်ကြည့်နေပီး သူမစကားထဲတွင်ပါဝင်သည့် ဇောက်ထိုးစကားတွေနှင့်ထေ့ငေါ့သံတွေက အရမ်းကို သိသာသည်။ သူမသည် ဒီ 'ကျန်းမာရေးမကောင်းတာ'က ဘာလဲဆိုတာကိုရှင်းလင်းစွာမပြောပါပဲ စုန်ယွီက ကျန်းမာရေးမကောင်းဘူးဆိုသည့်အချက်ကို သူမကသိသာအောင်ပြောလိုက်သည်။ တစ်ခန်းလုံး အသက်ကိုတောင်ကျယ်ကျယ်မရှုရဲပေ။စာသင်ချိန်အတွင်း၌ စုန်ယွီနှင့်ပတ်သတ်သည့် မကျေနပ်ချက်ကို သူမဖက်ကလူသူရှေ့ထုတ်ပြောတာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။ ဖြစ်နိုင်တာကတော့ စုန်ယွီကအိပ်ပျော်နေတာကြောင့် သူမကို ပြန်ခံပြောဖို့ အခွင့်အရေးမရလိုက်တာဖြစ်မည်။
ခေါင်းလောင်းမြည်ပီးသည်နောက်အိုးယိလျန်သည် စာအုပ်ကိုပိုက်ပီး ထွက်သွားလိုက်သည်။ တစ်ချို့သောကျောင်းသားတွေကမေးခွန်းတစ်ချို့မေးချင်တာကြောင့် အကြာကြီးခေါ်နေပေမယ့် တုံ့ပြန်လာခြင်းမရှိပေ။သူမလုပ်ရပ်ကြောင့် ကျောင်းသူလေးတစ်ယောက်မှာ မတ်တပ်ရပ်ကျန်ခဲ့သည့်အတွက်အတော်လေးရှက်သွားသည်။
![](https://img.wattpad.com/cover/242319502-288-k234590.jpg)
YOU ARE READING
TIHCFCF
Romanceပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း / ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း Transmigrating Into The Heartthrob's Cannon Fodder Childhood Friend Associated Names 穿成万人迷的炮灰竹马 Author(s) This Concubin...