အခန်း (၄၀)

6K 1.2K 72
                                    

အခန်း (၄၀) – Shameful
~~~~~~~~~~~~~~~~~~

စုန်ယွီ၏အသံဆူဆူကြောင့် ရှဲ့ဆွေ့၏အတွေးတွေက လက်တွေ့ကိုပြန်ရောက်လာပီး ဒီနေမကောင်းဖြစ်တဲ့ကိစ္စကို ခဏဘေးသို့ပို့ထားလိုက်သည်။

သူခေါင်းကိုစောင်းငဲ့လိုက်တော့ ဒေါသတွေပြည့်နေသည့် စုန်ယွီ၏အညိုဖျော့ရောင်မျက်လုံးတွေနှင့် အကြည့်ချင်းသွားဆုံသည်။ သူ့မျက်လုံးတွေက ကြည်လင်တောက်ပနေပီး ဒေါသအရိပ်အယောင်တွေပြည့်နေပေမယ့် ဒီမျက်လုံးတွေက အလှဆုံးပဲလို့ ရှဲ့ဆွေ့ထင်သည်။

ဒီရက်ပိုင်းတစ်လျှောက်လုံး အတူတွဲသွားတွဲလာလုပ်ပီးတဲ့နောက်တော့ ရှဲ့ဆွေ့သည် စုန်ယွီကို အရမ်းကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်သွားပီဖြစ်သည်။ သူသည် ခြိမ်းခြောက်နေတာကို လျစ်လျူရှုလိုက်ပီး နှုတ်ခမ်းတွေကို ကော့ညွှတ်၍ မေးလိုက်သည်။ "ဒီနေ့မင်းဘယ်ဘာသာကိုလုပ်မှာလဲ?"

စုန်ယွီ : "အယ်?"

ဒေါသတွေအကုန်လုံးက တစ်မဟုတ်ချင်းအထဲကို ပြန်ဝင်သွားသည်။ စာအကြောင်းကို စကားရောက်သွားတာနှင့် လစဉ်စာမေးပွဲကို အမှတ်ရလိုက်ပီး လစဉ်စာမေးပွဲကို သူတွေးမိသည်နှင့် ဖေဖေစုန်ရယ် သူကိုယ်တိုင်ဖန်တီးထားသည့်စာအရမ်းတော်သည့်သူဆိုသော သတ်မှတ်ချက်ကို သတိရမိကာ သူ့အား နောက်ဆုံးတော့ အသားကျသွားစေတော့သည်။

စုန်ယွီသည် သူ့ခေါင်းကိုကုတ်လိုက်ပီး "ဒါဆိုရင်လည်း တရုတ်စာပေပေါ့ ငါတရုတ်စာပေအိမ်စာလုပ်ဖို့ ကျန်သေးတယ်"

မြို့စာကြည့်တိုက်သည် ကျောင်းစာကြည့်တိုက်ထက်ပိုဝေးတာကြောင့် စုန်ယွီသည် ကျောင်းသို့ တက်စီဖြင့်သာသွားလိုက်သည်။ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် အိမ်ဝေးသည့်ကျောင်းသားတွေအများကြီးက အိမ်မပြန်ကြပေ။ ကျောင်းစာကြည့်တိုက်ပထမထပ်က စာကြည့်ခန်းတွေအားလုံးက လူတွေပြည့်နေပီး ထိုင်စရာနေရာလည်းမရှိ။ တတိယနှစ်စီနီယာကျောင်းသားတွေနှင့် ပြည့်နေသည်။

"ဒုတိယထပ်ကိုပဲသွားရအောင်"

စုန်ယွီသည် အတန်းကြီးတွေကြားထဲ ရောမနေချင်။ ဒုတိယထပ်တွင်တော့ လူနည်းနည်းသာရှိသည်။ သူသည် ဒေါင့်နေရာကိုရွေးလိုက်သည်။

TIHCFCF Nơi câu chuyện tồn tại. Hãy khám phá bây giờ