အခန္း (၅၁)

4.9K 1K 122
                                    

အခန်း (၅၁) – မင်းကိုတွေ့ပြီးကတည်းက
~~~~~~~~~~~~~~~~~~~~~~~~~~~~

"မဖြစ်ဘူး!"

ကျန်းချူနျန်သည် စိတ်လှုပ်ရှားမှုကြောင့် ထရပ်လိုက်ပြီး လျန်ရင်းရင်းလက်ထဲက ဖုန်းကိုဆွဲယူလိုက်ချင်သည်။

သို့ပေမယ့် သူမဒီလိုဖြစ်လာမှာကို လျန်ရင်းရင်းက သိထားပြီးသားပင်။ သူမသည် တစ်ဖက်ကို ငုံ့ရှောင်လိုက်ပြီး ဖုန်းကိုလျင်မြန်စွာကမ်းပေးလိုက်သည်။ သူမသည် မျက်တောင်ခတ်လိုက်ကာ ပြုံးလျှက် ရှဲ့ဆွေ့ကို စကားပြောလိုက်သည်။ "ဒီဝတ္ထုက <ငါ့အတွေးထဲမှာတဝဲလည်လည်ဖြစ်နေတာမင်းပဲ> လို့ခေါ်တယ် နတ်ဘုရားရှဲ့ ကြိုက်တဲ့အပိုဒ်ကိုသာရွေးပြီး အသံကျယ်ကျယ်နဲ့ဖတ်ပြရုံပဲ"

ကျန်းချူနျန်၏မျက်လုံးတွေက ပြူးကျယ်နေပြီး သူမမျက်နှာထက်တွင်လည်း မျှော်လင့်ချက်မဲ့သွားသည့်ပုံမျိုးဖြစ်နေသည်/ သူမအခုတော့နောင်တရနေပြီ၊ အရမ်းကိုနောင်တရနေပြီ။ မူရင်းစာမူကို ဒီကောင်မစုတ်လေးဆီပို့ပေးမိတာကို သူမအရမ်းနောင်တရနေမိသလို အခုလေးတင်စကားဝင်ပြောမိလိုက်တာကိုလည်း နောင်တရတယ်။

အားးး!!

အခန်းထဲကတစ်ခြားသူတွေက နည်းနည်းနားမလည်တွေဖြစ်နေကြပေမယ့် စာအုပ်နာမည်ကိုကြားလိုက်ကြသည့်အခါ အကုန်လုံးက ရုတ်တရပ်အလင်းရသွားကြသလိုမျိုး စတင်ရယ်မောကြတော့သည်။ အရင်တစ်ခေါက်က CPဖိုရမ်ထဲ စုန်ယွီဝင်လာသည့်မတော်တဆဖြစ်ရပ်က အရမ်းကိုနာမည်ကြီးသွားတာကြောင့် နောက်ထပ်ပို့စ်တွေအများကြီးပေါ်လာသေးသည်။ ဖိုရမ်မှာအချိန်ဖြုန်းသည့်လူတွေတော်တော်များများက ဒီစာအုပ်၏တည်ရှိမှုကို သိထားသည်။

မာရှောင်တင်းသည် ပျော်ရွှင်စွာဖြင့် သူ့ဗိုက်ကိုပုတ်နေပြီး ဘေးကနေ ဘာမှမသိပဲလော်ဆော်နေသည်။ "အိုး အဲ့စာအုပ်ကို အရင်က ငါဖတ်ဖူးတယ် အဲ့ဒါက ငါ့အကိုကြီးယွီနဲ့ နတ်ဘုရားရှဲ့တို့အကြောင်းမဟုတ်ဘူးလား?"

သူ့ဘေးမှာထိုင်နေသည့်ကောင်လေးကတော့ မာရှောင်တင်းအား တစ်ချက်တွန်းလိုက်ပြီး သူ့မှာရယ်ရမှာလား ငိုရမလားတောင်မသိတော့ပဲ "မာရှောင်တင်း မင်းကဘာလို့ဒီလောက်စိတ်လှုပ်ရှားနေရတာလဲ?!"

TIHCFCF Where stories live. Discover now