အခန်း (၄၇.၂)

4.5K 1.1K 93
                                    

အခန်း (၄၇.၂) 
~~~~~~~~~

ကျန်းချူနျန်သည် စုန်ယွီရှိရာသို့ ခဏခဏခိုးကြည့်နေပြီး သူမနှုတ်ခမ်းထောင့်က အပြုံးကို မဖုံးဖိနိုင်ပေ။ သူမနှင့်တစ်ခုံထဲထိုင်သူက သူမဆံပင်ကို သာသာလေးဆွဲလိုက်ပြီး "နင်မတော်သေးဘူးလား? အဖြေတိုက်ရမယ့်အချိန်ရောက်ပြီ"

"ငါသိပါတယ်" ကျန်းချူနျန်တစ်ယောက် ဘောပင်ကိုကိုင်ပြီး PPTကိုကြည့်လိုက်တဲ့အချိန်အထိကို သူမနှုတ်ခမ်းထက်တွင် အပြုံးလေးက ရှိနေသေးသည်။ သူမအဖြေလွှာထဲက နောက်ဆုံးမေးခွန်းတွင်တော့ သူမသည် 'l'Hôpitalဥပဒေ' နှင့် 'Lagrange's mean value theorem'ဆိုသည့် စကားစုနှစ်ခုကို ကျော့ရှင်းလှပသည့်လက်ရေးလေးဖြင့် ရေးချလိုက်သည်။

သူမနှင့်တစ်ခုံထဲထိုင်သည့်တစ်ယောက်မှာ ပြောစရာစကားမဲ့သွားကာ "နင်ဘာလုပ်နေတာလဲ?"

ကျန်းချူနျန်သည် သူမအားမျက်လုံးမှိတ်ပြလိုက်၍ "အရင်တစ်ခေါက်က ဒိုမိန်းအကြောင်း ငါမသိချင်ယောင်ဆောင်ပြီး နတ်ဘုရားရှဲ့ဆီစာသွားမေးတော့ နတ်ဘုရားရှဲ့က ကိုကိုယွီကို ဘာပြောလိုက်လဲနင်သိလား?"

သူမထိုင်ခုံတွဲဖက် : "ဘာလဲ?"

ကျန်းချူနျန်သည် အသံကိုတိုးလိုက်ပြီး နှစ်ယောက်တည်းကြားအောင်ပြောလိုက်သည်။ "သူက ကိုကိုယွီရဲ့မျက်လုံးထဲကို ကြည့်ပြီးပြောလိုက်တာက 'ငါကLagrangeကိုပဲပြန်ဖြေပေးတယ်' ဆိုပြီးတော့လေ အဲ့လိုပြောလိုက်တော့ ကိုကိုယွီက အရမ်းရှက်သွားတာများ သူ့မျက်နှာတစ်ခုလုံးနီရဲနေတာပဲ ကျစ် တစ်ခြားသူတွေမသိတဲ့အချစ်ဇာတ်လမ်းလေးတော့ သေချာပေါက်ကိုရှိရမယ်"

သူမထိုင်ခုံတွဲဖက်မှာ ရှော့ခ်ရသွားပြီး "အိုး အမေရေ နင်ကတော့ ကိုကိုယွီရဲ့ခေါ်ထုတ်တာကိုခံရတော့မယ် နင်အရိုက်ခံရဖို့တဲတဲလေးပဲလိုတော့တာနော် နင့်အတွက်နင်ပြဿနာတွေမရှာပါနဲ့တော့လား?"

ကျန်းချူနျန်တွေးကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ သူမခေါင်းကိုခါလိုက်ပြီး "အဲ့နေ့တုန်းက ကိုကိုယွီနား ငါဒူးထောက်ပြီး တောင်းပန်မိတော့မတတ်ပဲ ဒါပေမယ့် ကိုကိုယွီက ငါ့ကို ဒီလိုလွယ်လွယ်လေးလွတ်ပေးလိုက်မယ်လို့ ဘယ်သူထင်မှာလဲ? ပျော်ရွှင်စွာပေါင်းဖက်သွားကြလေသတည်းCPက အစစ်ပဲ"

TIHCFCF Où les histoires vivent. Découvrez maintenant