အခန်း (၄၃)

4.4K 1.1K 102
                                    

အခန်း (၄၃) – ကိုယ်မင်းကိုလိုက်​နေတာ
~~~~~~~~~~~~~~~~~~~~~~~~~~

152L: ...... +1

153L: မုန်းတီးသူတွေရဲ့မျက်နှာကို ကိုကိုယွီက သူ့အမှတ်နဲ့ဖြတ်ရိုက်မယ့် ပို့စ်ကောင်းတစ်ခုဖြစ်လာတော့မယ်လို့ ငါထင်နေပြီ ဒါပေမယ့် ငါခံစားလို့မကောင်းသေးခင် ငါ့ကိုယ်ငါအရှုပ်ထဲဝင်ပါမိသွားပြီ

154L: အရမ်းရက်စက်တာပဲ

155L: QAQ ငါ့အတွက် အမွှေးတိုင်ထွန်းပြီး ဆုတောင်းပေးစရာမလိုတော့ဘူးလို့ ငါ့အမေကို ပြောလိုက်တော့မယ် နှုတ်ဆက်ခဲ့ပါတယ် ကိုကိုယွီရေ

ဖိုရမ်ထဲမှာ အပျင်းပြေအချိန်လာဖြုန်းနေသူတွေတစ်အုပ်လုံး ဒီပြောင်းပြန်ဖြစ်သွားသည့်ကိစ္စကြောင့် စိတ်တွေရှုပ်ထွေးကုန်ကြသည်။ သူတို့တွေပြောနိုင်တာကတော့ ၆၆၆တို့ အမိုက်စားပဲတို့ မိုက်တယ်တို့သာဖြစ်သည်။ တကယ့်ကိုပါပဲ တစ်စုံတစ်ယောက်ကို ဟာသလုပ်တာက ပျော်စရာမကောင်းဘူးလာ? အထူးသဖြင့် သွေးမိုးတွေကို သူနှင့်အတူယူလာတဲ့ စုန်ယွီလိုလူမျိုးကိုပေါ့။

လပတ်စာမေးပွဲကတော့ မီးသင်္ဂြိုလ်ရုံဖြစ်တော့မှာပဲ - မုန်းတီးသူတွေအတွက် မီးသင်္ဂြိုလ်ရုံ။

အခုတော့ စုန်ယွီမှအမှတ်ကောင်းကောင်းရအောင် သူတို့တွေအကုန်လုံးက မျှော်လင့်နေကြလောက်ပြီ။

လပတ်စာမေးပွဲကလည်း နီးကပ်လာနေပြီ။

စုန်ယွီသည် မေးခွန်းစာရွက်တွေထဲမှာပဲ ခေါင်းမနှစ်နေတော့ပေ။ ရှဲ့ဆွေ့က သူ့အချိန်တွေကို ခွဲပေးပြီး ဘယ်ချိန်စကားလုံးကိုကျက်ရမလဲ၊ ဘယ်ချိန်ရှေးခေတ်ကဗျာကို ကျက်ရမလဲ နှင့် ဘယ်ချိန်ဓာတုဗေဒညီမျှခြင်းတွေကို ကျက်ရမလဲဆိုတာကို အစီအစဉ်ချပေးသည်။ အချိန်ဇယားက အရမ်းကိုရှင်းလင်းသည်။ သူမှားသည့်ပုစ္ဆာတွေကိုလည်း ပြန်တွက်ကြည့်ဖို့ ဖိအားပေးခံရသည်။ ရူပဗေဒပုစ္ဆာတိုင်း သူအပြည့်အဝနားလည်သည့်အထိ ၃ခေါက်ပြန်တွက်ရသည်။ သင်္ချာလည်း အတူတူပင်။ မေးခွန်းစာရွက်တစ်ခုချင်းစီတိုင်းကို ထပ်ကာထပ်ကာလေ့ကျင့်ပြီး မေးခွန်းတွေကိုအကြိမ်ပေါင်းများစွာ ပြန်ဖြေကြည့်သည်။

TIHCFCF Where stories live. Discover now