အခန်း (၂၃)

5.7K 1.2K 72
                                    

အခန်း (၂၃) - ရှင်သန်ခြင်း၏အပိုင်းအစများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဝက်တွေ မွေးပီး ချမ်းသာ လာမယ်။

ဒီစကားလေးလုံးက ရိုးရှင်းစွာနဲ့ အရမ်းကိုသိသာသည်။ လူတွေအများကြီးက အသက်ရှုအောင့်ထားလိုက်ပီး အနေအထားကလည်း တင်းမာလာသည်။ စုန်ယွီကို ကြည့်နေကြသည့်သူတို့ရဲ့အကြည့်တွေက ရဲရင့်သောသူရဲကောင်းတစ်ယောက်ကို ကြည့်နေသည့်အတိုင်း -- ဘယ်သူ့ကို ရန်စမိလဲဆိုတာကို သူသိကောသိရဲ့လား?

ဆရာလည်း မှင်သက်သွားပီး သူ့မျက်နှာကလည်း နီရဲနေကာ အချိန်ဆွဲရင်း စုန်ယွီအား ပြောလိုက်သည်။ "အာ ကျောင်းသားတစ်ယောက်အနေနဲ့ မင်းဘယ်လိုလုပ်ပီး ဒီလိုစကားမျိုးပြောရတာလဲ? မြန်မြန် တောင်းပန်လိုက် ဒါက ဒီတိုင်းမိန့်ခွန်းလေးတစ်ခုပဲကို"

ဆရာသည် စုန်ယွီကို ကြည့်နေရင်း သူ့မျက်လုံးတွေထဲ၌ ပူပန်သောကတွေဝေနေသည်။ သူသည် အတက်နိုင်ဆုံးကြိုးစားကာ နူးညံ့စွာဖြင့် ဖျောင်းဖျနေပေမယ့် တစ်ဖက်လူက တန်ဖိုးမထားတဲ့ပုံပဲ။

ကျောင်းတက်နေတုန်းမှာ လူမှုရေးကိစ္စအရှုပ်အထွေးတွေကို စကားထဲထည့်မပြောသင့်သေးပေမယ့် တစ်ချို့သော လူမှုရေးအဆင့်အတန်းတွေက မွေးကတည်းက သတ်မှတ်ထားတာဖြစ်သည်။ စုန်ယွီကနေပီး ဝမ်စစ်ကို ထိပ်တိုက်ရန်စလိုက်တော့ ကျင်းမြို့ပေါ်က ဝမ်မိသားစုရဲ့အင်အားအရ ဒီကောင်လေးရဲ့ဘဝကို ခက်ခဲအောင်လုပ်ဖို့က သူတို့အတွက် အရမ်းကိုလွယ်ကူသည်။

နှစ်သစ်ကျောင်းသား၏မိန့်ခွန်းလိုပင်။ ဝမ်စစ်ကလိုချင်တယ်။ ဒီတော့ ဝမ်မိသားစုကနေပီး သူ့အတွက်စကားတစ်ခွန်းလောက်ပြောပေးလိုက်သည် နှင့် ကျောင်းကတိုက်ရိုက်ခွင့်ပြုပေးလိုက်သည်။ စည်းမျဉ်းတွေထဲမှာ ရှင်းလင်းစွာမရေးထားပေမယ့် အကုန်လုံးက တိတ်တဆိတ်ပဲနားလည်ထားကြပီး တကယ်လို့ သူတို့က မလိုချင်ရင်တောင်မှ လက်ခံပေးရုံပဲရှိသည်။

"ကျောင်းသားလေး မင်းမြန်မြန်တောင်းပန်လိုက်သင့်တယ် ဒီကိစ္စကိုမေ့လိုက်တော့"

ဆရာသည် သူ့လက်က ချွေးတွေကို သုတ်လိုက်ပီး အတော်ကြီးအားစိုက်ထုတ်ထားသည်။ ဝမ်စစ်၏မျက်နှာထားကလည်း 'ဝက်တွေကိုမွေးပီးချမ်းသာလာမယ်'ဆိုသည့် စုန်ယွီပြောပီးသည့်နောက် အနည်းငယ်အေးစက်သွားသည်။ ဆရာရဲ့စကားကိုနားထောင်လိုက်ပီး သူသည် ရယ်ကာ ပြုံး၍ "ဘာအတွက်တောင်းပန်စရာရှိလို့လဲ မင်းဖက်က ဒီလိုစကားကိုတောင်ပြောပီးသွားပီပဲ ငါက မကြားခဲ့သလို ဟန်ဆောင်ပေးရမှာလား?"

TIHCFCF Where stories live. Discover now