အခန်း ၇

3.3K 240 22
                                    

အခန်း ၇

"ကိုကို....ဒီနေ့ ရုံးသွားရင် ကျွန်တော်လဲ လိုက်မယ်။"

ဟိန်းထက်နေက ရှပ်အင်္ကျီကြယ်သီး တပ်နေသော စိုင်းလရောင်ကို ကပ်ကာ ပူဆာနေ၏။ စိုင်းလရောင်က သူ့ကို မျက်ခုံးတစ်ချက်ပင့်၍ ကြည့်ရုံသာ ကြည့်ပြီး လုံးဝဂရုမစိုက်သဖြင့် ဟိန်းထက်နေက နက်ခ်တိုင်ကို ယူကာ စိုင်းလရောင်၏ အင်္ကျီကော်လံမှ လှမ်းဆွဲ၍ သူ့မျက်နှာနား တိုးကပ်သည်။

ကနဦး၌ သူက နက်ခ်တိုင် စည်းပေးရန်သာ ရည်ရွယ်ထားသော်ငြား စိုင်းလရောင်၏ မျက်လုံးလေးဝိုင်းကာ အံ့သြနေသော မျက်နှာနုနုကြောင့် သူ့နှလုံးက တရကြမ်း ခုန်လှုပ်လာပြီး နှလုံးခုန်သံ တဒုတ်ဒုတ်ကိုပင် ကြားနေရသည်။ ထိန်းမရသည့် နှလုံးအိမ်
ကြောင့် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး တံတွေးမျိုချကာ အကြည့်လွှဲလိုက်ရ၏။

"ကျွန်တော်... ကျွန်တော် ချည်ပေးမယ်"

သူက နက်ခ်တိုင်ကို မြန်မြန် ချည်ပေးလိုက်ပြီး ခေါင်းကို ငုံ့လိုက်လေရာ စိုင်းလရောင်က ဖွဖွပြုံးကာ ရေရွတ်သည်။

"လူကြီးပေါက်စက ဒီနေ့ အရမ်းလိမ္မာနေပါလား။ ရုံးကို လိုက်ချင်လို့လား။"

"အင်း..ကိုကို့လက်အိတ်....ပြီးတော့ ကုတ်အင်္ကျီ....ဒါပဲမလား။"

ဟိန်းထက်နေက သူ့ပစ္စည်းများကို ယူပေးနေသည့်တိုင် ခေါင်းငုံ့ထားသဖြင့် စိုင်းလရောင်က စနောက်ချင်လာသည်။ သူက ဟိန်းထက်နေ၏ ပါးကို ဆွဲ၍ ခပ်ဖွဖွ ညစ်လိုက်လေရာ ဟိန်းထက်နေက မျက်နှာရဲရဲလေးဖြင့် သူ့ကို မော့ကြည့်သည်။

"လူကြီးပေါက်စက ကိုကို ချီးကျူးလိုက်လို့ ရှက်သွားတာလား။ ကြည့်ပါဦး...ချစ်စရာလေးကွာ...ကလေးပေါက်စလေး။"

ဟိန်းထက်နေ၏ မျက်နှာက ပိုရဲလာပြီး မျက်မှောင်ကြီး ကြုတ်ကာ ကြည့်နေသဖြင့် စိုင်းလရောင်က တခစ်ခစ် ရယ်သည်။

"ကျွန်တော်က ကလေး မဟုတ်ဘူးလို့။ ကိုကိုကမှ ကလေး။ ကိုကိုကမှ ကလေးလေး။"

ဟိန်းထက်နေက မကျေမနပ် ​အော်ကာ အိမ်အောက်ပြေးဆင်းသွားသဖြင့် စိုင်းလရောင်က ရယ်သည်။ ပြီးနောက် ထိုကလေးကို ခေါ်ကာ ရုံးသို့ လာခဲ့ရ၏။ ရုံးရောက်ပြီးမှ စက်ရုံဘက်၌ ကိစ္စတစ်ခု ပေါ်လာသဖြင့် သူက မေသဒ္ဒါနှင့်အတူ ထွက်လာရပြီး ဟိန်းထက်နေကို ကျော်စွာနှင့် ထားခဲ့ရသည်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now