အခန်း ၅၅

940 65 12
                                    

အခန်း ၅၅

"ဟေ့...ဒီကို တစ်ပုလင်းချ။"

ရွက်နုဝေ၏ အသံစူးစူးလေးက ကလပ်၏ ထောင့်အကျဆုံး ဝိုင်းမှ ထွက်ပေါ်လာသည်။ သူသည် ညနေခင်း ဓားရှည်လေ့ကျင့်ချိန် ပြီးသည်နှင့် စခန်းမှ ထွက်လာခဲ့ပြီး အရက်ဘားတစ်ခု၌ သောင်တင်နေ၏။ သူရိယဂိုဏ်းပိုင်သည့် ကလပ်နှင့် ဘားများသို့မူ သူ မသွားဝံ့။ ဟိန်းတေဇက သူကိုယ်တိုင်လည်း အရက်သောက်လေ့မရှိသကဲ့သို့ အခြားလူများသောက်သည်ကိုလည်း သဘောမကျပေ၊ မိန်းကလေးဖြစ်သည့် ရွက်နုဝေကသာ အုပ်စု၏ ကလပ်တွင် အရက်သောက်နေသည်ဟု ကြားပါက နောက်တစ်နေ့တွင် ကွင်းပတ်ပြေးရပေလိမ့်မည်။

"ဟေး...တစ်ယောက်တည်းလား။ အစ်ကိုကြီးတို့ အဖော်ပြုပေးရမလား။

စားပွဲထိုးလေးက သူ့အတွက် ဝိုင်ပုလင်းချပေးလိုက်သည့်အချိန်မှာပင် လူငယ်သုံးယောက်က သူ့နံဘေးတွင် ဝင်ထိုင်ကာ ထိကပါးရိကပါး ပြောသည်။ ရွက်နုဝေသည် ထိုလူငယ်များကို တစ်ချက်ကလေးပင် စောင်းငဲ့မကြည့်ဘဲ ဝိုင်ပုလင်းကို ဖောက်လိုက်ကာ ဖန်ခွက်ထဲသို့ ငှဲ့ထည့်သည်။

"ပါးစပ်ပိတ်ပြီး ပြန်လိုက်တော့။"

"အိုးဟိုး...အချောလေးက စွာလိုက်တာ။ ဒီလိုနေရာကို တစ်ယောက်တည်း လာကတည်းက အပျော်လာရှာတာပဲမလား။ ဘာတွေမူနေတာလဲ။"

လူငယ်သုံးယောက်အနက်မှ အတော်လေး မူးကာ နှုတ်ရွှင်နေသည့်တစ်ယောက်က စကားစလာသည်။ ရွက်နုဝေသည် ထိုလူငယ်ကို မျက်ခုံးပင့်၍ ကြည့်လိုက်ပြီး ပြုံးလျက် မေးမြန်းသည်။

"ဒီအမျိုးကောင်းသားလေးက လူ့အခွင့်အရေးနဲ့ ကျင့်ဝတ်ဆိုတဲ့ စကားလုံးကို ကြားဖူးလား။ သင်ပေးရဦးမလား။"

"အချောလေးက သင်ပေးမယ်ဆို အခုပဲ စကြမလား။"   

ထိုလူငယ်က ရွက်နုဝေ၏ ပခုံးကို သိုင်းဖက်လိုက်သည့်အချိန်မှာပင် ရွက်နုဝေက လက်တစ်ဖက်ဖြင့် ထိုသူ့လက်ကို ဆွဲချလိုက်ပြီး ခါးကြားမှ ဓားမြှောင်ကို ဆွဲထုတ်ကာ ထိုသူ၏ လက်ဖမိုးကို စိုက်ချလိုက်လေသည်။ သွေးများက စားပွဲခုံပေါ် စီးကျလာပြီး လူငယ်၏ အော်သံစူးစူးက ထွက်လာ၏။ ကျန်လူငယ်နှစ်ယောက်မှာလည်း အမူးပြေသွားကြဟန် သူ့ကို ထိတ်လန့်တကြား ကြည့်လာကြသည်။ ရွက်နုဝေသည် သူ့ဓားမြှောင်ကို ဆွဲနုတ်လိုက်ကာ လေသံခပ်အေးအေးဖြင့် ပြောသည်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now