အခန်း ၄၂

1.1K 99 14
                                    

အခန်း ၄၂


နောက်တစ်နေ့တွင်လည်း ဟိန်းထက်နေတို့နှစ်ယောက်က အဘိုးအို၏အိမ်သို့ ရောက်ခဲ့ကြပြန်သည်။ ဤတစ်ကြိမ်တွင်မူ အဘိုးအိုသည် သူ့တို့ကို မောင်းမထုတ်တော့ဘဲ ရွှင်ပြပြုံးချိုသော မျက်နှာထားဖြင့် ကြိုဆိုသည်။ ဟိန်းထက်နေနှင့် စိုင်းလရောင်ကို အနည်းငယ် စူးစမ်းလိုသော အကြည့်များဖြင့် ကြည့်နေသော်လည်း သူတို့ပတ်သက်မှုအကြောင်း တစ်ခွန်းမျှ မမေးပေ။

"လက်ရှိမှာ ကစားကွင်း တစ်ခုဆောက်ဖို့ရာ ဘယ်လောက်လောက် ကုန်မလဲ။"

ခြံဝင်းထဲရှိ ခုံလေးတွင် ထိုင်နေသော အဘိုးအိုက စကားစသည်။

"အဲ့ဒါက ဒီဇိုင်းနဲ့ သုံးတဲ့ပစ္စည်းတွေအပေါ် မူတည်တယ်...အဘရဲ့။"

အဘိုးအို၏ နံဘေး ခုံတန်းလေးတွင် ထိုင်နေသော စိုင်းလရောင်က ပြန်ဖြေသည်။ အဘိုးအိုသည် ခေါင်းတဆတ်ဆတ် ညိတ်သည်။ သူသည် ဆေးပေါ့လိပ်ကို တစ်ချက်ရှိုက်လိုက်ကာ ဟိန်းထက်နေနှင့် စိုင်းလရောင်ကို ကြည့်သည်။

"မင်းတို့ ဘာအလုပ်လုပ်ကြတာလဲ။ မင်းတို့သူဌေးက ငါ့ဆီ လွှတ်လိုက်တာလား။"

စိုင်းလရောင်သည် အဘိုးအို၏ မေးခွန်းကို မည်သို့မည်ပုံ ဖြေရမည် မသိလေရာ ရယ်သာရယ်နေတော့သည်။ ဟိန်းထက်နေကမူ သနားချင့်ဖွယ်ရာ မျက်နှာပေးဖြင့် ပြန်ဖြေသည်။

"ကုမ္ပဏီမှာ သူများခိုင်းတာ လုပ်ရတာပေါ့.. အဘရယ်။"

"သြော်...မင်းတို့နှစ်ယောက် ပိုက်ဆံလေး ဘာလေး သေချာစု။ အဲ့ဒါဆို သားသမီးမရှိလဲ အသက်ကြီးတဲ့အခါ မပူရတော့ဘူး။"

အဘိုးအိုက အကြံပြုသည်။ ဟိန်းထက်နေက စိတ်ညစ်ညူးနေဟန် မျက်နှာ​ပေးဖြင့် ဆက်ပြောသည်။

"ဒီတစ်ပတ်ကုန်လို့ အဘက ရောင်းဖို့ စိတ်ကူးမရှိဘူးဆိုရင်တော့ ကျွန်တော်တို့လဲ ပြန်ရတော့မယ်ဗျာ။ သူဌေးကလဲ ဆူလှပြီ။ ဒါပေမဲ့ အဘ အားနာစရာမလိုဘူးနော်။ အဘ စိတ်ထဲ ရှိတဲ့အတိုင်းပဲ လုပ်ပါ။"

"ငါ သေချာပြန်စဥ်းစားလိုက်ပါဦးမယ်ကွာ။ ပြီးတော့ ငါ ပြစရာ ရှိတယ်။"

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now