အခန်း ၇၀

991 75 26
                                    

အခန်း ၇၀

"ငါ့ကို လွှတ်စမ်း။ မင်း ရူးနေတာလား။"

ဟိန်းဇေယျက သူ့ကို အားကုန်ဆောင့်တွန်းပစ်လိုက်ရာ သူက အနည်းငယ် ယိုင်သွား၏။ တစ်ဆက်တည်း ဟိန်းဇေယျက သူ့မေးရိုးကို လက်သီးဖြင့် ထိုးသည်။ ဟိန်းဇေယျ၏ လက်သီးချက်က ပြင်းလွန်းသဖြင့် သူ့မျက်နှာက လည်သွားပြီး ​မယုံနိုင်ဟန် ပြန်ကြည့်လိုက်ရာ ဟိန်းဇေယျက သူ့ကို ဆူပူသည်။

"ရူးနေလား။ ယောက်ျားချင်းကို ဘာချစ်မှာလဲ။"

"တောက်.. မင်းက တကယ်ကို အလျော့ပေးလို့မရဘူး။"

သူက စိတ်ဆိုးမာန်ဆိုးဖြင့် ဟိန်းဇေယျအနားသို့ တိုးကပ်သွားပြီး ထိုအဆိုးလေး၏ ခါးကို လက်တစ်ဖက်ဖြင့် သိုင်းဖက်၍ ကျန်တစ်ဖက်ဖြင့် သူ့နောက်စေ့မှ ထိန်းကိုင်ကာ နှုတ်ခမ်းပါးလေးကို အတင်းနမ်းရှိုက်ပစ်လိုက်တော့သည်။ ကနဦးက စိတ်ဆိုး၍ နမ်းပစ်လိုက်သော်လည်း တကယ််တမ်း ထိုချိုမြိန်လှသည့် နှုတ်ခမ်းပါးတို့နှင့် ထိတွေ့မိသောအခါ သူ့စိတ်အစုံက လွှတ်ထွက်မတတ်ပင်။ နှလုံးမှာလည်း ခုန်လှုပ်လွန်း၍ ကြွေကျလုမတတ်ပင်ရှိနေပြီး ဟိန်းဇေယျ၏ နှုတ်ခမ်းအိအိလေးများကို သူ့နှုတ်ခမ်းများကြား ပျော်ဝင်လုမတတ် စုပ်ယူနမ်းရှိုက်နေမိသည်။ ဟိန်းဇေယျက သူ့ရင်ဘတ်ကို ထုရိုက်နေသော်လည်း သူက အနာခံကာ ဟိန်းဇေယျကို စာအုပ်စင်ဆီ ဖိကပ်ပစ်လိုက်ပြီး ထပ်မံနမ်းရှိုက်ပစ်သည်။

ဟိန်းဇေယျ၏ လက်ကောက်ဝတ်နှစ်ဖက်ကို သူ့လက်တစ်ဖက်တည်းဖြင့် ထိန်းကိုင်၍ ခေါင်းပေါ်မြှောက်လိုက်ပြီး နှုတ်ခမ်းပါးများကို ပြင်းပြင်းပြပြ နမ်းရှိုက်နေမိသည်မှာ ချိုမြိန်လွန်းလှ၍ မလွှတ်ပေးချင်လောက်အောင်ပင်။ ဟိန်းဇေယျက ငြင်းဆန်နေသည့်တိုင် သူက လွှတ်မပေးဘဲ ကြမ်းကြမ်းတမ်းတမ်း နမ်းရှိုက်ရင်း ပို၍ ပျော်ဝင်နေမိသည်။ ဟိန်းဇေယျက မရုန်းကန်တော့ဘဲ ငြိမ်သွားသောအခါမှ သူသည် အောက်နှုတ်ခမ်းကို ခပ်ဖွဖွ ဖိကိုက်ပစ်လိုက်ပြီး လွှတ်ပေးရာ သူတို့နှစ်ဦး၏ ပထဆုံးအနမ်းက ပြီးဆုံးသွားခဲ့သည်။

"ဟင်း... မင်း... အယုတ်တမာ။ ငါ့ကို လွှတ်စမ်း။"

ဟိန်းဇေယျက အသက်ကို လုရှူရင်း သူ့လက်ကောက်ဝတ်ကို ရုန်းကန်သည်။ သူက လွှတ်မပေးဘဲ ဟိန်းဇေယျ၏ နှုတ်ခမ်းပါးလေးထက် ခပ်ဖွဖွ နမ်းလိုက်သော်လည်း ဟိန်းဇေယျက ခေါင်းကို စောင်းလိုက်ရာ ပါးပြင်ကိုသာ နမ်းရှိုက်မိသည်။ သူသည် ချစ်ရသူ၏ ပါးပြင်ထက် သူ့နှာခေါင်းထိပ်လေး နစ်ဝင်သွားသည်အထိ ဖိကပ်နမ်းရှိုက်လိုက်ပြီးမှ သဘောတကျပြုံးသည်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now