အခန်း ၇၁

882 65 27
                                    

အခန်း ၇၁

"အလောင်းတစ်လောင်း... ဘယ်သူ့အလောင်းလဲ။"

"ငါလဲ မသိဘူး။ မြေအောက်သုတေသနဌာနရဲ့ညာဘက်အခြမ်းမှာ အခန်းတစ်ခန်းရှိသေးတယ်။ ခေါင်းဆောင်တစ်ယောက်က ဘယ်သူ့ကိုမှ မသွားစေဘူး။ မှားပြီးရောက်သွားရင်တောင် သတ်ပစ်တယ်။"

နှင်းဆီကျော့က လိုက်ကာများကို ဆွဲဖွင့်ကာ အလင်းရောင်ဝင်လာအောင် ပြုရင်း ရှင်းပြ၏။ ရွက်နုဝေက တံတွေးမြိုချလိုက်ပြီး ဆက်မမေးတော့ဘဲ အခန်းကို ဝေ့ကြည့်ကာ ချီးကျူးစကားဆို၏။

"နင့်အခန်းက ကျယ်သားပဲ။ ဆိုဖာတွေရော ပစ္စည်းတွေလဲ အစုံပဲ။"

"ငါ့အစ်ကိုက ဒုခေါင်းဆောင်လေ။" နှင်းဆီကျော့က ပြန်ဖြေရင်း သူနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။ ပြီးနောက် စားပွဲခုံပေါ်ရှိ ရေကရားထဲမှ ရေကို ဖန်ခွက်ထဲ ငှဲ့ထည့်လိုက်ပြီး သူ့ရှေ့သို့ တိုးပေးသည်။

"အရမ်းလန့်နေရင် ရေသောက်လိုက်"

"ဘာတွေစမ်းသပ်နေတာလဲ။ ငါ အဝါရောင်အရည်တွေ မြင်လိုက်တယ်။"

ရွက်နုဝေက ရေခွက်ကို လှမ်းမယူဘဲ နှင်းဆီကျော့ကိုသာ စိုက်ကြည့်နေ၏။

"Zeya - H လို့ နာမည်ပေးထားတဲ့ ဗိုင်းရပ်စ်တစ်မျိုးပဲ။ သူက မြစ်ချောင်းတွေနဲ့ မြေအောက်ရေတွေကနေတစ်ဆင့် လူတွေဆီ ရောက်ပြီး ကျောက်ကပ်ကို ပျက်စီးစေလိမ့်မယ်။ ဒါက ခေါင်းဆောင်နဲ့ ငါ့အစ်ကိုရဲ့ စီမံကိန်း။ ဗိုင်းရပ်စ်တွေကို လွှတ်လိုက်ပြီးရင် အလင်းမဲ့ဂိုဏ်းက တကယ်ပဲ ကမ္ဘာကြီးကိုအလင်းရောင် ကင်းမဲ့သွားအောင် စိုးမိုးနိုင်သွားလိမ့်မယ်။"

နှင်းဆီကျော့သည် မည်သည်ကိုမျှ မတားဆီးနိုင်လေရာ လေသံဖျော့ဖျော့ဖြင့် အကျဉ်းချုပ်ရှင်းပြသည်။

"ရေကနေတစ်ဆင့် ကူးစက်တဲ့ဗိုင်းရပ်စ်လား။ လူတွေက ရေကို ကျိုသောက်တာမျိုး၊ ချက်ပြုတ်တာမျိုး လုပ်ကြတယ်လေ။ နင့်ဗိုင်းရပ်စ်က အလုပ်လုပ်ပါ့မလား။"

ရွက်နုဝေက မယုံနိုင်ဟန် မေးလိုက်ရာ နှင်းဆီကျော့က မျက်ခုံးပင့်၍ကြည့်သည်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now