အခန်း ၂၁-ခ

1.6K 137 17
                                    

အခန်း ၂၁

စိုင်းလရောင်က ဟိန်းထက်နေ၏ ဘောင်းဘီအောက်အနားစကို လိပ်တင်၍ ရိုက်မိလိုက်သည့် ခြေကျင်းဝတ်ကို ကြည့်ရန် လက်လှမ်းသည်။ ဟိန်းထက်နေက သူ့လက်ကို ဖမ်းကိုင်၍ အားနာဟန် ဟန်ဆောင်ပန်ဆောင် တားမြစ်၏။

"အာ...မလုပ်ပါနဲ့၊ အားနာစရာကြီး၊ ဒီလောက်လေးက ကိစ္စမရှိဘူး။"

သူ့မှာ လက်ကသာ တားနေရသော်လည်း စိတ်ထဲတွင်မူ စိုင်းလရောင်က သူ့လက်ချောင်းနုနုလေးများဖြင့် သူ့ခြေကျင်းဝတ်ကို နှိပ်နယ်ကာ ဆေးလိမ်းပေးရန် မျှော်လင့်နေမိ၏။ နောက်တစ်ကြိမ်လောက် ထပ်မေးလျှင်တော့ သူက မငြင်းတော့ရန် စဥ်းစားထား၏။ သို့သော် စိုင်းလရောင်က ခေါင်းညိတ်ကာ လက်ကို ချက်ချင်း ပြန်ရုတ်သွားလေသည်။

"အဲ့ဒါဆို ညကျမှ ဆေးလိမ်းလိုက်။"

"........"

ဟိန်းထက်နေသည် စကားပင် မပြောနိုင်တော့ဘဲ စိုင်းလရောင်ကိုသာ ကြည့်နေမိတော့သည်။ အတန်ကြာ တိတ်ဆိတ်နေပြီးမှ စိုင်းလရောင်က စကားစသည်။

"ကိုကို မနက်ဖြန် ခရီးထွက်ရမယ်။"

"ကျွန်တော်ရော လိုက်လို့ရလား။"

ဟိန်းထက်နေက စိုင်းလရောင်၏ မျက်နှာကို အနီးကပ် ငေးကြည့်နေမိရင်း အလိုလိုပြုံးလာမိပြန်သည်။ စိုင်းလရောင်သည် သူ့အတွက် ဆေးခြောက်နှင့် အလားသဏ္ဌာန်တူ၏။ ဆေးခြောက်သည် ရှူလိုက်သည်နှင့် တဖြည်းဖြည်း ရစ်မူးလာပြီး အလိုလို ပြုံးလာစေသည်၊ စိုင်းလရောင်သည်လည်း ထို့အတူပင်၊ ထိုမျက်နှာနုနုကို တစ်ချက်ကြည့်လိုက်မိသည်နှင့် သူ့မျက်နှာထက်ဝယ် အပြုံးတို့ကို ဖြစ်တည်စေသည်။

"ဆရာ့ကို ဂါရဝသွားပြုမှာ။ နှစ်လည်တွေ့ဆုံပွဲနဲ့ ကိုကို့မိဘတွေ နှစ်ပတ်လည်ကန်တော့ပွဲဆိုတော့ အပြင်လူ ခေါ်ခွင့်မရှိဘူး။"

"သြော်...တစ်ခြားဘယ်သူတွေပါသေးလဲ၊ ကိုကိုတစ်ယောက်တည်းဆို ကျွန်တော် စိတ်မချဘူး။"

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now