အခန်း ၁၉

1.7K 146 39
                                    

အခန်း ၁၉

ဟိန်းထက်နေနှင့် စိုင်းလရောင်က အတန်ကြာသည်အထိ ဆော့ကစားနေပြီး မောသွားမှ ဒန်းတွင် ထိုင်ကာ အမောဖြေရသည်။

"တော်ပြီ.. မင်း နွေရာသီကျောင်းပိတ်မှ ထပ်လာကြမယ်။ အခုတော့ မင်းဦးလေးနဲ့ သွားတွေ့ရမယ်။"

စိုင်းလရောင်က ထလိုက်ပြီး ကားပါကင်ဆီ  ခပ်သွက်သွက် လျှောက်သွားသဖြင့် ဟိန်းထက်နေက သူ့ခြေလှမ်းကျဲကြီးများကို မှီအောင် လိုက်ရသည်။

"ကိုကို တကယ်ပြောတာလား...နောက်လဲ ကျွန်တော့်နဲ့အတူတူ လာကစားဦးမှာလား"

"ဒါပေါ့...မင်း တစ်ခုခု လိုချင်တာ ဒါမှမဟုတ် လုပ်ချင်တာ ရှိရင် ကိုကို့ကို ပြော။ အားလုံး လုပ်ပေးမယ်။"

စိုင်းလရောင်က သူ့ကိုယ်သူ ကလေးကို အလိုလိုက်သည့် ဖေဖေကြီးကဲ့သို့ ခံစားလိုက်မိပြီး ပြုံးသည်။ ဟိန်းထက်နေက ပြန်မဖြေဘဲ သူ့ကိုသာ ထူးထူးဆန်းဆန်း အကြည့်များနှင့် စိုက်ကြည့်နေသဖြင့် သူက ချောင်းဟမ့်သည်။

"အဟမ်း.. ကားပေါ်တက်။ မင်းဦးလေး ဂွစာနဲ့ သွားတွေ့ရဦးမှာ။"

ဟိန်းထက်နေက ထိုအခါမှ အသိဝင်လာဟန် ခေါင်းညိတ်ကာ ကားထဲ ဝင်ထိုင်သည်။ စိုင်းလရောင်ကလည်း ကားမောင်းသူနေရာတွင် ဝင်ထိုင်လိုက်ပြီး ကားစက်နှိုးမည် ပြင်လိုက်ရာ ဟိန်းထက်နေက တားသည်။

"ခနလေး"

"ဘာဖြစ်လို့လဲ လူကြီးပေါက်စ"

"ကိုကို့ဒဏ်ရာကို ဆေးပြန်စည်းရမယ်။"

သူက ပြော​ရင်း ကားနောက်ခန်းရှိ ဆေးအိတ်သေးသေးလေးကို လှမ်းယူလိုက်ပြီး စိုင်းလရောင်၏  ခြေထောက်ကို ဆွဲယူ၍ ဘောင်းဘီအောက်နားကို လိပ်တင်သည်။

"ရပါတယ်..သွေးလဲ ပြန်ထွက်တာမှ မဟုတ်တာ။" စိုင်းလရောင်က အားတုံ့အားနာ ဖြစ်သွားပြီး တားသည်။

"မရဘူး...ကိုကိုက တစ်ခါတလေ ကလေးကျနေတာပဲ။ အကုန်လိုက်ပြောနေရတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်.. သိလား။"

ဟိန်းထက်နေက ပြောရင်း ပတ်တီးကို ပြန်ဖြည်ကာ ဆေးထည့်ပေးနေသဖြင့် စိုင်းလရောင်က သူ့မျက်ခုံးစပ်မှစ၍ မေးဖျားအထိ တစိမ့်စိမ့် ကြည့်နေမိ၏။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now