အခန်း ၇၇

808 52 8
                                    

အခန်း ၇၇

ဟိန်းထက်နေသည် ရုတ်တရက် ဆန်လှသော တိုက်ကွက်ကြောင့် လက်ဖျံဖြင့် အလျင်စလို ခံလိုက်ရာ သူ့လက်ထဲမှ ရိုင်ဖယ်က လွှတ်ကျသွားတော့သည်။ ထိုသူက ဆင့်၍ကန်သည်တွင် သူက ဘယ်ဘက်လက်ဖျံဖြင့် ခံလိုက်ရာ ဖန်ခွဲစိုက်ဝင်ထားသည့်ဒဏ်ရာကို ကန်မိ၍ သွေးများက ပတ်တီးမှတစ်ဆင့် ပြန်စိမ့်ထွက်လာ၏။ ဟိန်းထက်နေက ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ခါးကြားမှ ပစ္စတိုကို ဆွဲထုတ်ရန် ပြင်လိုက်သော်လည်း စိုင်းလရောင်အတုက လျင်မြန်ဖျတ်လတ်စွာ ဆက်တိုက်ကန်နေသဖြင့် သူသည် အနောက်သို့ ဆုတ်ရင်း ပြန်ကာရ၏။ ထိုသူက သုံးချက်မြှောက် ကန်လိုက်သည့်အချိန်တွင် ဟိန်းထက်နေက မကာတော့ဘဲ ဆတ်ခနဲ လှည့်၍ သူ့ခြေကျင်းဝတ်ကို ဆောင့်ဆွဲ၍ ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်ပစ်လိုက်လေသည်။

စိုင်းလရောင်အတုက ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်နှင့် သူက အား​ဖြင့် ဆောင့်ကန်သည်။ စိုင်းလရောင်အတုက ကိုယ်ကို လှိမ့်၍ရှောင်လိုက်ပြီး ပြန်ထကာ ဟိန်းထက်နေ၏ ဒူးကောက်ကွေးကို ဖြတ်ကန်သည်။ ဟိန်းထက်နေကလည်း သူ့ခြေထောက်ကို ပြန်ကန်ရင်း ခါးကြားမှ ပစ္စတိုကို ဆွဲထုတ်လိုက်ရာ စိုင်းလရောင်အတုက သူ့လက်ကောက်ဝတ်ကို ဖြတ်ကန်သည်။ ဟိန်းထက်နေကလည်း သူ့နံကြားကို ​ဆောင့်ကန်ပစ်လိုက်သည်တွင် ဟိန်းထက်နေ၏ သေနတ်လည်း လွှတ်ကျသွားပြီး စိုင်းလရောင်အတုလည်း အနောက်သို့ ယိုင်သွား၏။

သူက ယိုင်သွားသည်နှင့် ခါးကြားမှ ပစ္စတိုကို ဆွဲထုတ်မည်ပြုရာ ဟိန်းထက်နေက ချက်ချင်း ပြေးဝင်လာပြီး ခါးမှ ဆွဲမ၍ ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်သည်။ သူရော ဟိန်းထက်နေပါ ကြမ်းပြင်ပေါ်တွင်လုံးထွေး၍ ကျသွားလေရာ သူသည် ဟိန်းထက်နေ၏ နဖူးစောင်းကို သူ့နဖူးကို ပင့်တိုက်ပစ်လိုက်၏။ ဟိန်းထက်နေကလည်း သူ့နံကြားကို ဆင့်၍ ဆင့်၍ ပိတ်ထိုးလေရာ စိုင်းလရောင်အတုက လက်ဖျံဖြင့် ကာပြီး ဒူးဖြင့်တိုက်သည်။ စိုင်းလရောင်နှင့် ခပ်ဆင်ဆင်တူသည့်လူကို ရွေးထားရသဖြင့် စိုင်းလရောင်အတုက တိုက်ရည်ခိုက်ရည်ကောင်းပြီး လျင်မြန်သော်လည်း ခန္ဓာကိုယ်အချိုးအဆက်က ဟိန်းထက်နေထက် သေးသွယ်နေလေရာ ဟိန်းထက်နေက တစ်ပန်းသာသည်ဟု ဆိုရမည်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now