အခန်း ၆၁

939 71 14
                                    

အခန်း ၆၁

"ဦးလေးကို ရဲသွေးနီ လာပြောတာလား။" ဟိန်းထက်နေက မေးလိုက်သော်လည်း ဟိန်းတေဇက ဆိတ်ဆိတ်နေမြဲပင်။

"ကျွန်တော့်အပြစ်ပါ။ မီးလျှံဂိုဏ်းကို မေ့ထားသလို ဖြစ်သွားတာ။" ဟိန်းထက်နေက ကတုန်ကယင်အသံဖြင့် ရေရွတ်သည်။ "မရဏမီးတောက်ကို Red Moon က ကုနိုင်တာ သေချာပါတယ်။ ကိုကို ဘာမှမဖြစ်လောက်ပါဘူး...ကိုကို ဘာမှဖြစ်မှာမဟုတ်ပါဘူး။"

ဟိန်းတေဇမှာ ဟိန်းထက်နေ၏ သောကပွားနေသည့် ပုံစံကို ကြည့်၍ ဆူပူပစ်ချင်စိတ်များ ပျောက်ကွယ်သွားရတော့သည်။ ဟိန်းထက်နေ၏ မေတ္တာအမှားက မည်မျှ ကြီးမားနက်ရှိုင်းသည်ကို သူ ကောင်း​ကောင်း သိသည်။ သူသည် စိတ်ကို လျှော့လိုက်ပြီး ဟိန်းထက်နေကို မေးသည်။

"ထက်နေ...ဦးလေး မေးတာ သေချာဖြေစမ်း။ မင်းတို့ ဘာတွေဖြစ်ခဲ့ကြတာလဲ။"

"ညက ကျွန်တော်တို့ လက်ထပ်ကတိပြုခဲ့ကြတယ်။ ပြီးတော့ ကျွန်တော်တို့ လွန်ပြီးသွားပြီ။"

"တောက်...မင်းအဖေကိုတောင် အားမနာဘူးလား။ မင်းအစား ငါ ရှက်တယ်။"

ခွပ်!

ဟိန်းတေဇ၏ ပြောပြောဆိုဆိုဖြင့် ဟိန်းထက်နေကို လက်သီးဖြင့် နောက်တစ်ချက် ထပ်ထိုးသည်။ ဟိန်းထက်နေသည် နှုတ်ခမ်းမှ သွေးစများကို လက်ဖြင့် ဖိသုတ်ပစ်လိုက်ရင်း သူ့ကို နီမြန်းနေသော မျက်ဝန်းများဖြင့် ပြန်ကြည့်သည်။

"ဦးလေး ချစ်မိသွားတဲ့တစ်နေ့ နားလည်လာမှာပါ။ အခု လက်ထပ်ပြီးသွားပြီဆိုတော့ ကိုကို့ကို ကျွန်တော့်ဆီကနေ ခေါ်ထုတ်သွားလို့ မရတော့ဘူး။ ကျေးဇူးပြုပြီး....ကိုကို့ကိုတော့ ကျွန်တော်နဲ့ မခွဲပစ်ပါနဲ့တော့။ ကျွန်တော် ရှင်လျက်နဲ့ သေသွားလိမ့်မယ်။"

ဟိန်းထက်နေသည် လက်ဖဝါးဖြင့် မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်ဆွဲ၍ ခေါင်းကို မော့ကာ သက်ပြင်းတစ်ချက်ရှိုက်သည်။ သူက မျက်ရည်ကျလာဟန် မပြသည့်တိုင် အမူအရာကို ကြည့်ရုံမျှဖြင့် ဟိန်းထက်နေ ငိုနေမှန်း ဟိန်းတေဇက ရိပ်စားမိသည်။

"ဟင်း...ငါ ဘာဆက်လုပ်ရမလဲတောင် မသိတော့ဘူး။ ခက်လိုက်တာကွာ။"

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now