အခန်း ၅၉

919 71 22
                                    

အခန်း ၅၉

အရိပ်နက်သည် ဧည့်စောင့်ခုံတွင် ထိုင်ကာ DNA စစ်ချက်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေခဲ့သည်။ ဟိန်းဇေယျက မှားမည့်လူ မဟုတ်မှန်း သိသည့်တိုင် သူသည် ခေါင်းမာရူးမိုက်စွာဖြင့် ခေါင်းဆောင်နှင့် Red Moon ၏ ခေါင်းဆောင်ကို သွေးသားမတော်စပ်ရန် မျှော်လင့်နေမိသည်။ ဘဝတစ်သက်တာလုံး ရန်သူဟု ထင်ခဲ့သော စိုင်းလရောင်ကို သူရိယဂိုဏ်း၏ အရှင်သခင်အဖြစ် သူ လက်မခံချင်ပေ။ ထိုအခိုက် ဆရာဝန်က ဓာတ်ခွဲခန်းထဲမှ ထွက်လာပြီး သူ့လက်ထဲ စာရွက်အချို့ ထည့်ပေးသည်။

"အိမ်တော်ထိန်း စစ်ခိုင်းထားတာ ရပါပြီ။ ဒုခေါင်းဆောင်ကို နှုတ်ဆက်ကြောင်း ပြောပေးပါဦး။"

"ကောင်းပါပြီ။"

အရိပ်နက်က ဆရာဝန်ကို နှုတ်ဆက်လိုက်ပြီးမှ ဧည့်စောင့်ခုံသို့ ပြန်လျှောက်လာခဲ့သည်။ လက်ထဲမှ DNA စစ်ဆေးချက်ကို ကြည့်ပြီးနောက် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။

"၉၉% တူညီ။ သားအဖေတော်စပ် တဲ့။ ဒါ...ဒါဆို စိုင်းလရောင်က တကယ်ပဲ သူရိယဂိုဏ်းရဲ့ သားအကြီးပေါ့။"

သူသည် ဆိုဖာပေါ်သို့ပင် ထိုင်ချလိုက်မိပြီး ခေါင်းကို ငိုက်စိုက်ချလိုက်မိသည်။ အရိပ်နက်၏ ခေါင်းထဲတွင် 'စိုင်းလရောင်က သားအကြီး၊ စိုင်းလရောင်က တရားမဝင်ကလေးပေမဲ့ အကြီးဆုံးသား၊ စိုင်းလရောင်နဲ့ ခေါင်းဆောင်က ညီအစ်ကိုအရင်း' စသည်ဖြင့် စိုင်းလရောင်ချင်း ထပ်နေအောင် တွေးနေမိသည်။ သို့သော် သူ၏ ဦးနှောက်သေးသေးကလေးက သိပ်များများစားစား တွေးချင်ဟန် မတူလေရာ သူသည် ဆက်မတွေးတော့ဘဲ စာရွက်ကို သေချာကိုင်၍ ပြန်လာခဲ့သည်။

ကားကို အချိန်အနည်းငယ် မောင်းပြီးသည့်အချိန်တွင် သူသည် ဟိန်းတေဇ၏ အလုပ်သို့ ရောက်လာသည်။ သူကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားနေသည့်အပြင် ဟိန်းတေဇကို ပြောပြချင်သည့် စိတ်ဇောက များပြားနေလေရာ သူသည် အခန်းတံခါးကို တစ်ချက်မျှသာ ခေါက်လိုက်ပြီး ချက်ချင်းတွန်းဖွင့်ကာ ဝင်လိုက်သည်။

"ဒုခေါင်းဆောင်...ဒုခေါင်းဆောင် စစ်ခိုင်းထားတာ ရပါပြီ။ ဟိုဆေးစစ်ချက်တွေက"

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now