အခန်း ၂၁-က
စိုင်းလရောင်က သူ့လက်ထဲရှိ ခွေးနှစ်ကောင်ကို ကြမ်းပြင်ပေါ် ချလိုက်ပြီး ဟိန်းထက်နေ၏ မျက်နှာကို အုပ်ကိုင်သည်။ ပြီးနောက် ခေါင်းကိုအနည်းငယ်ငုံ့၍ ဟိန်းထက်နေနှင့် မျက်လုံးချင်းဆုံအောင် ကြည့်ကာ စနောက်သည်။
"ကိုကို့ကို ဘယ်လိုတွေ လာချွဲနေတာလဲ...ဟမ်...ဒါက ၄နှစ်ကတည်းက လေ့ကျင့်ရေး ဆင်းခဲ့တဲ့ လုပ်ကြံရေးသမားလေးတဲ့လား၊ အချွဲလေး။"
ဟိန်းထက်နေက နှလုံးတစ်ခုလုံး ထက်အောက်ပြောင်းပြန်ဖြစ်သွားသလို ခံစားလိုက်မိပြီး မျက်နှာလေးတစ်ခုလုံး ရဲလာ၏။
"ကျွန်တော့်ကို မစနဲ့ဗျာ။ နာမည်စဥ်းစားမယ်လို့"
"အင်း လူကြီးပေါက်စ ပြောကြည့်လေ။"
စိုင်းလရောင်သည် ဟိန်းထက်နေ၏ ပါးနှစ်ဖက်ကို သူ့လက်ချောင်းများဖြင့် မနာအောင် ဆွဲညစ်နေပြန်၏။
"ဂျိမ်းစ် နဲ့ ဂျွန်"
"မကောင်းဘူး"
"ဟာရု နဲ့ ဟာခု"
"ဂျပန်နာမည် ခေါ်ရခက်တယ်"
"အင်း...အဲ့ဒါဆို ချွင်းဖုန်း နဲ့ ချိုးဖုန်း"
"တရုတ်နာမည်လဲ မကောင်းဘူး"
"အဲ့ဒါဆို မြန်မာနာမည်ပဲ ဂွတိုနဲ့ ဂွရှည်လို့သာ ပေးလိုက်ပါတော့လား"
စိုင်းလရောင်က အကြိမ်ကြိမ် ငြင်းနေသဖြင့် ဟိန်းထက်နေက စိတ်မရှည်တော့သည့်ဟန် အရွဲ့တိုက်သည်။ စိုင်းလရောင်က တိုးတိုးညင်းညင်း ရယ်လိုက်ပြီးမှ ခွေးနှစ်ကောင်ကို အထီးအမ ခွဲရန် ဆွဲမသည်။
"ဪ.. အထီးလေးတွေပဲ။"
"ဆိုင်မှာ အထီးပဲ ရှိလို့။" ဟိန်းထက်နေက ခွေးလေးတစ်ကောင်ကို ယူကာ ပွတ်သပ်ပေးရင်း ပြန်ဖြေ၏။ စိုင်းလရောင်က သူ့ကို ကြည့်နေရင်း ရေရွတ်သည်။
"Smith & Wesson M&P 9mm"
"ကိုကို လိုချင်လို့လား။" ဟိန်းထက်နေက မေးသည်တွင် စိုင်းလရောင်က ခေါင်းခါလိုက်ပြီး ဆက်ပြောသည်။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...