Book III (Red Roses for Witness)

1K 96 14
                                    

Book III
နှင်းဆီနီတို့ကို သက်သေတည်၍

အခန်း ၅၂

အချိန်သည်ကား နံနက်သုံးနာရီခန့် ဖြစ်လေရာ အမှောင်ရိပ်က ကြီးစိုးလျက်။ သို့သော် Red Moon ၏ ဆေးရုံကြီးအတွင်း၌မူ လူအားလုံးက ပျားပန်းခတ်မျှ အလုပ်များနေရသည်။ အကြောင်းမှာ မီးလျှံဂိုဏ်းစစ်ဆင်ရေးမှ ဒဏ်ရာရလာသည့် လူဟူသမျှကို Red Moon ၏ ဆေးအဖွဲ့ကာ အလုံးစုံ တာဝန်ယူရသောကြောင့် ဖြစ်သည်။ စိုင်းလရောင်နှင့် ဟိန်းထက်နေအပါအဝင် ဒဏ်ရာရသူအားလုံးကို အလျင်အမြန် ကုသပေးနိုင်ရန် စီစဥ်ရသဖြင့် ဆေးရုံအတွင်းရှိ ဆရာဝန်များမှာ ခေါင်းနားပန်းကြီးနေရသည်။

စိုင်းလရောင်သည် ဟိန်းထက်နေနှင့် မတွေ့ရသေးခင် လက်မောင်းမှ သေနတ်ဒဏ်ရာကို ဦးစွာကုသရသည်။ ကျည်ဆန်ထုတ်ပြီးသည်နှင့် ဆေးအရှိန်ကြောင့် သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား၏။ သူ နောက်ဆုံးကြားလိုက်သည်မှာ "အဆိပ်မိတဲ့လူတွေကို သမားတော်ကြီးက ကုပေးနေတယ်" "ဓာတ်ခွဲခန်းတွေမှာ ဖြေဆေးအသစ်တွေ အမြန်ဖော်နေကြတယ်" စသည် စသည်ဖြင့် ဆရာဝန်အချို့၏ တီးတိုးစကားသံများပင်။

သူ အချိန်မည်မျှအထိ အိပ်ပျော်သွားသည်မသိ၊ သူ့မျက်နှာပေါ်တွင် အနည်းငယ် အေးမြသည့် အထိအတွေ့ကို ခံစားမိသောအခါမှ မျက်ခုံးကို ကျုံ့လိုက်မိသည်။ သို့သော် ထိုအေးမြသည့် အထိအတွေ့က ရှိနေသေးလေရာ သူသည် လက်ဖြင့် မျက်လုံးကို ပွတ်လိုက်ရင်း နိုးလာခဲ့သည်။

"အရမ်းမပွတ်နဲ့လေ။ မျက်လုံး နာလိမ့်မယ်။"

လက်ခပ်ကြီးကြီးတစ်ဖက်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ကာ အလိုလိုက်ချော့မြှူသည် လေသံမျိုးဖြင့် တားမြစ်သည်။ စိုင်းလရောင်သည် မျက်လုံးကို အားယူ၍ ဖွင့်ရင်း သူ့ရှေ့ရှိ လူကို ကြည့်သည်။

"ထက်နေ...မင်း ဘာမှမဖြစ်ဘူးနော်။ ငါ အရမ်းစိတ်ပူသွားတာပဲ။"

"အင်း။ ကျွန်တော် ဘာမှမဖြစ်ဘူး။ ကိုကို အိပ်နေတာ လေးရက်လောက်ရှိပြီ။ ဒီနေ့မှ နိုးမလာရင် ကျွန်တော် ဆရာဝန်ကို ဖမ်းပြီး မြေအောက်ခန်းထဲ ပို့တော့မလို့.. ဟား....ဟား...ဟား"

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now