Warning Alert!!
Blood and Violence Warning!!
သွေးထွက်သံယို၊ သတ်ဖြတ်မှု သတ်ပေးချက်။
ဒီအပိုင်းမှာ သွေးထွက်သံယို အခန်းတွေ ပါဝင်ပါတယ်။*****
အခန်း ၃၆
စိုင်းလရောင်က ရုံးခန်းထဲတွင် ထိုင်ကာ လိမ္မော်ရည်တစ်ခွက်ကို အရသာခံ၍ သောက်နေလေသည်။ ဟိန်းထက်နေက သူ့အလုပ်နှင့်သူ ရှုပ်နေသဖြင့် သူက ဆိုဖာပေါ် ခြေထောက်နှစ်ချောင်းလုံး တင်ကာ ဟိန်းထက်နေကို ပေါ်ပေါ်ထင်ထင် ငေးသည်။ ဝန်ထမ်းများအားလုံးက သူ့ကို ဟိန်းထက်နေ၏ ညီလေးဟု ထင်နေကြလေရာ စကားလာမပြောရဲ၊ ကုတ်ချောင်းချောင်းဖြင့်သာ မသိမသာ ကြည့်သွားကြသည်။
"ထက်နေ"
"ဗျာ့"
"ငါ မနေ့ညက ဘယ်အချိန်အိပ်ပျော်သွားတာလဲ"
"ကိုကို ဘာမှ မမှတ်မိဘူးလား"
ဟိန်းထက်နေသည် လုပ်လက်စကို ရပ်လိုက်ပြီး သူ့ကို ပြုံးစစဖြင့် ကြည့်နေသဖြင့် စိုင်းလရောင်က လွန်ခဲ့သော ညက အကြောင်းအရာများကို ပြန်စဥ်းစားသည်။
"မင်းကို ငါ့အကြောင်းတွေ ပြောပြတာမလား"
"အင်း...အဲ့ဒါပဲတော့ မဟုတ်ဘူး"
ဟိန်းထက်နေ၏ မကျေမလည်ဖြင့် အင်းလိုက်ရပြီး သူ့ကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေသော စိုင်းလရောင်ကို မေးသည်။
"ကိုကို...ဒီနေ့ ဘယ်သွားစရာရှိသေးလဲ"
"ဟေး.. ငါတို့ ပြန်ရောက်ပြီ..."
စိုင်းလရောင် ပြန်မဖြေခင် မင်းခန့်ပိုင်၏ အသံက ဦးစွာထွက်ပေါ်လာသည်။ ရဲသွေးနီက ဟိန်းထက်နေ၏ စားပွဲပေါ်သို့ လက်ဆွဲသေတ္တာတစ်လုံးကို တင်ပေး၏။ မင်းခန့်ပိုင်က သူ့မျက်မှန်ကို ပင့်လိုက်ရင်း ဆိုသည်။
"ဟေ့ကောင်...မင်း ငါတို့ကို ဒီတစ်ပတ်လောက် အနားပေးတော့၊ မင်းအလုပ်တွေ ငါတို့ချည်းပဲ လုပ်ထားရတာ။"
"အင်း...မင်းတို့ခနထိုင်ဦး။ ကိုကို ပျင်းနေလောက်ပြီ။"
ဟိန်းထက်နေသည် စိုင်းလရောင်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး စိုင်းလရောင်လက်ထဲမှ အအေးခွက်ကို ယူသောက်ကာ မေးသည်။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...