အခန်း ၁၃

2K 166 3
                                    

အခန်း ၁၃

"မရဘူး.. လုံးဝ မရဘူး။"

"အာ့ဆို ငါ သွားရမလား... ‌‌ခြေတံရှည်ရှည်လေးတွေ ရှိတဲ့ မိန်းမလှလေး ဆိုပြီးတော့လေ... အဆင်ပြေလောက်လား။"

စိုင်းလရောင်က အသည်းအသန် ငြင်းဆန်နေသဖြင့် ကျော်စွာက သူ့ခြေထောက်တစ်ဖက်ကို ရှေ့ထုတ်ကာ ပွတ်သပ်ရင်း ပြော၏။ စိုင်းလရောင်မှာ ကျော်စွာကို ကြည့်ရင်း အန်ချင်လာ၍ သူ့ရင်ဘတ်သူ လက်ဖြင့် ဖိသည်။ မြူနှင်းချိုမှာလည်း မျက်နှာကြီး ရှုံ့မဲ့ကာ ကြည့်နေ၏။

"ဒီလိုမျိုး ဖင်လေး ရမ်းပြီး..'

"တော်ပါတော့...တော်ပါတော့...ကိုစိုင်းဆိုရင် ပို အဆင်ပြေမယ်။ နင့်ထက် ကိုယ်ဟန်သွယ်တော့ ကြည့်ကောင်းသေးတယ်။"

ကျော်စွာက သူ့ခါးကို လှုပ်ပြသည်တွင် မြူနှင်းချိူက သည်းမခံနိုင်တော့ဟန် တားလိုက်ပြီး စိုင်းလရောင်ဘက် လှည့်လာပြန်သည်။ စိုင်းလရောင်မှာ ခေါင်းတွင်တွင်ခါရင်း ငြင်းရပြန်၏။

"မဟုတ်သေးဘူးလေ.. ဘယ်လိုပဲ ငါက ပိန်တယ် ပြောပြော အသံကြီးက ဒီလောက်သြနေတာ...ကလေးကို မေးရင်တောင် ယောကျ်ားလေးမှန်း သိမှာပဲ။ ရုပ်ကလဲ ဆိုးသေးတာ။"

"နင် ဘယ်နားမှာ ရုပ်ဆိုးလို့လဲ။ ကြည့်ပါဦး အသားလေးက ဖြူဖြူဥဥလေး၊ နှာခေါင်းချွန်ချွန်လေးနဲ့ နှုတ်ခမ်းပါးလေးနဲ့..ပြီးတော့ အသံကိစ္စ ငါ့တာဝန် ထားစမ်းပါ။ နင် ဒီလောက် ချောတဲ့ဟာ...နင်ပဲ လုပ်လိုက်တော့။ ပြောရရင် ကျော်စွာက အဆင်မပြေနိုင်ဘူး။ မသေသပ်ရင် သူရိယဂိုဏ်းနဲ့ ညှိမှာစိုးရသေးတယ်။"

မြူနှင်းချိုက တတွတ်တွတ် ပြောနေသည်တွင် စိုင်းလရောင်က ခေါင်းညိတ်ရတော့၏။

"တစ်ညတည်းပဲ ဝတ်ရမှာပါလေ။ ကျော်စွာ...ငါ့ကို VIP Card ပေး။ ငါ အရင်သွားလေ့လာထားမလို့။"

ကျော်စွာက စိုင်းလရောင်ကို ကြည့်ပြီး ပြုံးစိပြုံးစိဖြင့် ကတ်ကို ထုတ်ပေးလေသည်။

"မင်း မိန်းကလေးလို သွားမှာလား...ယောကျ်ားလေးလို သွားမှာလား"

"မင်း အသက်ရှင်ရတာ မပျော်တော့ဘူးလား။"

စိုင်းလရောင်က သူ့ဘယ်ဘက်လက်ကောက်ဝတ်ကို ညာဘက်လက်ဖြင့် ပွတ်သပ်ကာ ကျော်စွာကို ပြန်မေးလိုက်မှ ကျော်စွာက ရယ်ကြဲကြဲဖြင့် အနောက်သို့ ဆုတ်သွား၏။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now