အခန်း ၃၃

1.5K 133 13
                                    

အခန်း ၃၃

"နမ်းရအောင်။"

ဟိန်းထက်နေက စိုင်းလရောင်ကို ဆိုဖာပေါ် ချပေး၍ အုပ်မိုးလာသဖြင့် စိုင်းလရောင်က သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ကာ နှုတ်ခမ်းပါးထက် ထိကပ်ရုံ နမ်းသည်။

"နမ်းပြီးပြီနော်.. လူဆိုးလေး။ ကိုကို ဗိုက်ဆာနေလို့။"

ဟိန်းထက်နေက စိုင်းလရောင် နံဘေးတွင် ဝင်ထိုင်ပြီး ပြုံးစစ မျက်နှာပေးဖြင့် မေးသည်။

"ဘာစားမလဲ။ ကျွန်တော့်ကို စားမလား။"

"မင်းကို ဘယ်လိုစား... ဘာတွေ ပြောနေတာလဲ... အရှက်လဲ မရှိဘူး။"

စိုင်းလရောင်က ရှက်သွားပြီး အော်သည်။ သူ့မျက်နှာလေးက ခရမ်းချဥ်သီးမှည့်နှယ် နီရဲနေသဖြင့် ဟိန်းထက်နေက ထပ်မစတော့ဘဲ သူ့လက်ကို ကိုင်လိုက်ပြီး ချစ်ရည်ရွှန်းလဲ့သော မျက်ဝန်းများဖြင့် ကြည့်၍ မေးသည်။

"ဘာစားချင်လဲ။ ကိုယ်ချက်ပေးမယ်။"

"မင်းက ငါ့အတွက် ဟင်းချက်ပေးရင် ငါက မင်းအတွက် ဘာပြန်လုပ်ပေးရမလဲ။"

"ကိုယ့်အတွက် တစ်သက်လုံး ပြုံးပြပေးလေ"

ဟိန်းထက်နေ၏ အဖြေအဆုံး သူတို့နှစ်ဦးလုံး သဘောတကျ ရယ်သည်။ မထင်မှတ်ထားသော စကားလေးတစ်ခွန်း၊ အပြုံးလေး တစ်ပွင့်သည် နှစ်ဦးလုံး၏ မှတ်ဉာဏ်ထဲတွင် လှပချိုမြိန်သည့် အမှတ်တရအဖြစ် ကျန်ရှိနေခဲ့သည်။ ထိုအခိုက် ဟိန်းထက်နေ၏ ဖုန်းက မြည်လာသဖြင့် သူက ကိုင်သည်။

"ဟဲလို"

'အလုပ်ပြန်လုပ်ဖို့လဲ သတိရဦး၊ မင်းဟာလေးနဲ့ပဲ ပျော်ပါးမနေနဲ့၊ မင်းလက်မှတ်ထိုးရမှာတွေ ရှိသေးတယ်။ ငါတို့ကိုပဲ ဖိခိုင်းမနေနဲ့.. မအေဘေးရဲ့။"

တစ်ဖက်မှ မင်းခန့်ပိုင်၏ အသံကြောင့် စိုင်းလရောင်သည်ပင် အံ့သြသွားဟန် သူ့ကို ကြည့်သည်။ ဟိန်းထက်နေက ရယ်လိုက်ပြီး ပြန်ဖြေသည်။

"အေး.. မေးလ်နဲ့ ပို့လိုက်၊ ငါ စစ်ထားလိုက်မယ်"

သူသည် ပြောပြီးပြီးချင်း ဖုန်းချလိုက်ကာ စိုင်းလရောင်ကို မေးသည်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now