အခန်း ၄၀

1.2K 108 15
                                    

အခန်း ၄၀

ကျော်စွာက မြူနှင်းချို၏ သက်ဆိုင်သူအကြောင်းအပြင် အခြားသော အမှုကိစ္စများကိုပါ စုံစမ်းရင်း မအားမလပ်ဖြစ်နေလေရာ စိုင်းလရောင်သည် Cynthia Group တွင် အချိန်ပြည့်နီးပါး အလုပ်ပြန်လုပ်နေရသည်။ ဟိန်းထက်နေကလည်း အနည်းငယ်ခဲကပ်နေသော ​ပြသနာအချို့ကြောင့် အလုပ်ထဲ ခေါင်းနှစ်ထားရလေရာ နှစ်ဦးသား ညနေစောင်းမှသာ တွေ့ရသည်က များသည်။တစ်ခုသော ညနေခင်းတွင် ဟိန်းထက်နေသည် အလုပ်မှ စောစောပြန်လာခဲ့ပြီး စိုင်းလရောင်ကိုပါ ကြိုလာခဲ့သည်။

အချို့ရက်များတွင် ညဘက်အထိ အလုပ်လုပ်ရ၍ စိုင်းလရောင်၏ မျက်နှာလေးသည် အနည်းငယ် နွမ်းဖတ်နေလေသည်။ ဟိန်းထက်နေက စိုင်းလရောင်ကို ကားထိုင်ခုံမှ ခါးပတ်ပတ်ပေးရင်း ပါးပြင်အိအိလေးထက် သူ့နှာခေါင်းချွန်ချွန်လေး နှစ်ဝင်သွားသည်အထိ ဖိကပ်နမ်းရှိုက်သည်။ စိုင်းလရောင်ကို ထိတွေ့နေရလျှင် သူ့စိတ်က အလိုလိုလန်းဆန်းလာတတ်သည်။ စိုင်းလရောင်က ကားပါကင်တွင် လူရှိမရှိ ကြည့်လိုက်ပြီးမှ သူ့ကို မျက်စောင်းထိုးသည်။

"ကားပါကင်ကြီးမှာ...ရှက်စရာကြီး။"

"ဘယ်သူမှ မမြင်ဘူးလေ။ ကိုယ့်အမျိုးသားလေးကို ချစ်လို့...မွ"

ဟိန်းထက်နေသည် စိုင်းလရောင်ကို ပြန်ဖြေရင်း နောက်ပါးတစ်ဖက်ကိုပါ ထပ်နမ်းလိုက်ရာ စိုင်းလရောင်က ပြုံးလာသည်။ အချိန်အနည်းငယ် မောင်းပြီးသည့်အခါ သူတို့နှစ်ဦး၏ မေတ္တာရိပ်မြုံလေးဆီ ပြန်ရောက်လာကြသည်။ စိုင်းလရောင်သည် အင်္ကျီပင် မလဲချင်တော့၊ အိပ်ရေးပျက်သည့် ရက်က များနေလေရာ ခုတင်ပေါ်သို့ ပက်လက်လှန်ချလိုက်တော့သည်။ ဟိန်းထက်နေသည် သူ့အင်္ကျီကြယ်သီးများ ဖြုတ်နေရင်း စိုင်းလရောင်ကို ပြောသည်။

"ကလေးလေး အရမ်းပင်ပန်းနေရင် ရေအရင်ချိုးပြီး အိပ်လိုက်နော်။ ကိုယ် ညစာချက်ပြီးရင် လာနှိုးမယ်။"

"အင်း...ထက်နေ"

"ဗျာ့"

"ငါ့ကို ရေချိုးခန်းထဲ ချီသွားပါလား။ ငါ မထချင်တော့ဘူး။"

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now