အခန်း ၆၀

913 69 10
                                    

အခန်း ၆၀

ဟိန်းထက်နေ၏ ကားက ဆင်ဝင်အောက်တွင် ထိုးရပ်လိုက်သည်နှင့် စိုင်းလရောင်က အိမ်ထဲမှ ပြေးထွက်လာသည်။

"ထက်နေ...မင်း ဘယ်လိုဖြစ်ပြီး ရှပ်အင်္ကျီကို ချွတ်ထားတာလဲ။ ပြန်လာတာ တော်တော် နောက်ကျတာပဲ။ အလုပ်ရော အဆင်ပြေသွားပြီလား။ မင်းမျက်နှာလေးက နွမ်းနေသလိုပဲ။ ပြသနာက ကြီးလို့လား။"

စိုင်းလရောင်သည် သူ့ကို တတွတ်တွတ် မေးရင်း သူ့လက်ထဲမှ အနက်ရောင်အိတ်ကို လက်လှမ်းသည်။ ဟိန်းထက်နေက ချက်ချင်း အိတ်ကို လက်ပြောင်း၍ ကိုင်လိုက်ရာ စိုင်းလရောင်က သူ့ကို နားမလည်ဟန် မျက်ဝန်းများဖြင့် ကြည့်လာသည်။

"ကိုကို သယ်ပေးမယ်လေ။"

"ကိုယ့်ခင်ပွန်းလောင်းလေးကို မခိုင်းရက်ပါဘူးဗျာ။ လာ...ကိုယ် မရှိတုန်း ဘာတွေလုပ်နေလဲ ပြောပါဦး။ စမစ်တို့ကို ခိုးနမ်းနေတာမလား။"

ဟိန်းထက်နေသည် စိုင်းလရောင်၏ ခါးကို သိုင်းဖက်ကာ စကားလမ်းကြောင်း လွှဲသည်။

"ဟင့်အင်း...မနမ်းပါဘူး။ လုံးဝမနမ်းဘူးနော်။ ကိုကို နိုးလာတော့ မင်းက အလုပ်သွားတယ်လေ။ စမစ်တို့က ဗိုက်ဆာနေလို့ အစာ ကျွေးတယ်။ မင်း ပြန်လာရင် သောက်ဖို့ အသီးဖျော်ရည်လဲ လုပ်ပေးထားသေးတယ်။ ပြီးတော့လေ...."

စိုင်းလရောင်ကသာ တတွတ်တွတ် ပြောနေသော်လည်း ဟိန်းထက်နေကမူ မကြားတစ်ချက် ကြားတစ်ချက်။ သူသည် စိုင်းလရောင်၏ မျက်နှာလေးကိုသာ ငေးမောကြည့်ရှုနေမိပြီး ရင်ဘတ်တစ်ခုလုံး တင်းကြပ်လာတော့သည်။ စိုင်းလရောင်က သူ့အစ်ကို ဖြစ်နေသည်ဟူသော အချက်သည် သူ့အတွက် အလွန်ဆုံးဖြတ်ရခက်စေသည်။ ထိုအချက်က ချက်ချင်းလက်ငင်းပင် စိုင်းလရောင်ကို နှစ်ဦးသဘောတူ လက်ထပ်ယူကာ ပေါင်းသင်းပစ်လိုက်ပြီး သူ့နံဘေးတွင် ထားရန် တွန်းအားပေးနေသကဲ့သို့ အရာအားလုံးကို ရပ်တန့်ပစ်လိုက်ကာ ထိုလူသားအား အမှန်အတိုင်း ဖွင့်ပြောရန်ကိုလည်း ဖိအားပေးသည်။ သူသည် အတွေးနယ်ထဲတွင် နစ်မွန်းနေခဲ့ပြီး စိုင်းလရောင်က သူ့ပခုံးကို ကိုက်ပစ်လိုက်သောအခါမှ အသိဝင်လာတော့သည်။ သူတို့နှစ်ဦးလုံးက ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေကြပြီး စိုင်းလရောင်က သူ့ကို မျက်ခုံးလေး ကျုံ့ကာ ကြည့်နေ၏။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now