အခန်း ၁၂
မြူနှင်းချိုက သူ့အတွက် ပေးထားသည့် ရုံးခန်းထဲတွင် ထိုင်ရင်း လူစာရင်းများ စစ်နေ၏။ ထိုအခိုက် တံခါးက ပွင့်သွားပြီး အမျိုးသမီးငယ်လေးတစ်ယောက်က အခန်းထဲ ဝင်လာသည်။
"ဟေး..ဒီနေ့မှ ရောက်တာလား...ပင်ပန်းနေပြီလား"
မြူနှင်းချိုက လှည့်ကြည့်လိုက်သည်တွင် ဆံပင်ကုတ်ဝဲလေးနှင့် နွေးနွေးထွေးထွေး အပြုံးပိုင်ရှင်လေးက သူ့ကို ကြည့်နေ၏။ မြူနှင်းချိုက မျက်ခုံးပင့်၍ ကြည့်လိုက်ပြီး ပြန်မေးသည်။
"အင်း.. ဒီနေ့ပဲ ပြောင်းလာတာ..နင်ကရော"
"ငါရောပဲလေ...ဟီး...နေ့လည်စာ စားပြီးပြီလား"
"ဟင့်အင်း"
"ဒါဆို ငါနဲ့ တူတူသွားစားမလား...ဒါနဲ့ ငါ့နာမည်က နုစပယ်ဖြူ.."
"အင်း...ငါက နှင်းဆီချို"
မြူနှင်းချိုက ကျော်စွာ စာရင်းသွင်းပေးထားသည့် နာမည်အတိုင်း မိတ်ဆက်သည်။
"အိုကေ...ဒါဆို ငါတို့ သူငယ်ချင်း ဖြစ်ပြီနော်... လာ...ထမင်းသွားစားကြမယ်"
နုစပယ်ဖြူက သူ့ကို လက်ဆွဲကာ အခန်းအပြက်ဘက် ထွက်လာသဖြင့် မြူနှင်းချိုက လိုက်ခဲ့ရသည်။
"ဒါနဲ့ မနက်ဖြန် ညကျရင် ပါတီရှိတယ်နော်။ ဂျူတီ ရှိတဲ့လူတွေတော့ မရတော့ဘူးပေါ့။ နင် သိလား။ ငါတို့ဆေးရုံအုပ်က အသစ်ရောက်တဲ့ လူတွေကို ကြိုဆိုတဲ့ အနေနဲ့ရော သူ့သား နိုင်ငံခြားကနေ ပြန်ရောက်တာအတွက်ရော ရောပြီး ပါတီလေး လုပ်ပေးမှာတဲ့။"
နုစပယ်ဖြူက တတွတ်တွတ်ပြောနေသဖြင့် မြူနှင်းချိုက ရေလိုက်ငါးလိုက် ပြန်ပြောသည်။
"သြော်...အခုမှ သိတာ။ လူ အရမ်းများမှာလား။"
"အင်း ... နည်းနည်းတော့ များမှာပေါ့။ လာချင်လည်း ရတယ်။ မလာချင်လဲ ရတယ်။ သူ့သားရဲ့ သူငယ်ချင်းတွေပါ ပါမှာဆိုတော့ လူတော့ များမယ်ထင်တယ်။"
"နင် သွားမှာလား...ဒါနဲ့ ဘယ်မှာ လုပ်မှာတဲ့လဲ"
"သွားမှာပေါ့.. ဟီး...ဒါက ပျော်ပွဲရွှင်ပွဲလေးဟာကို လက်လွှတ်ခံလို့ ဘယ်ကောင်းပါ့မလဲ။ Beza Club ကို တစ်ညအပြတ်ငှားပြီး လုပ်မှာတဲ့။"
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...