Extra

1.4K 66 21
                                    

Unicode Version

"ဒီမှာ စမစ်ရဲ့ ကမ္ဗည်းတိုင်"

စိုင်းလရောင်က သူ့နံဘေးရှိ ဝပ်ဆင်ကို ပွတ်သပ်လိုက်ရင်း ကျောက်သားမှတ်တိုင်ကို ညွှန်ပြသည်။ ဝပ်ဆင်က နားလည်ဟန်ဖြင့် မြေကြီးပေါ်သို့ဝပ်လိုက်ပြီး တအီအီ အော်သည်။

"စိတ်မကောင်းမဖြစ်ပါနဲ့တော့။ လေးနှစ်တောင် ကျော်သွားပြီလေ... ကလေးလေး ထပ်လိုချင်ရင် ကိုယ် နောက်တစ်ကောင် ဝယ်ပေးမယ်။"

ဟိန်းထက်နေက စိုင်းလရောင်ကို ပုခုံးမှ ဆွဲဖက်ရင်း နှစ်သိမ့်သည်။ စိုင်းလရောင်က သူ့ကို ပြန်မဖြေဘဲ ကျောက်တိုင်ကိုသာ စိုက်ကြည့်နေသဖြင့် သူက လေသံဖျော့ဖျော့ဖြင့် ချော့ရသည်။

"စမစ်လဲ သူ့ဟာသူ အဆင်ပြေနေလောက်ပါပြီ... ကလေးရဲ့။"

"အင်း... အိမ်ပြန်ရအောင်။"

စိုင်းလရောင်က သူ့ကို ပြန်ဖြေပြီး ဝပ်ဆင်ကို ခေါ်ကာ ကားပေါ်တက်သွား၏။ ဟိန်းထက်နေ ​သတိရလာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သင်္ချိုင်းကို လာကြည့်ခြင်းဖြစ်၍ ကမ်းတက်စစ်ဆင်ရေးတွင် ကျဆုံးခဲ့သမျှသော ဂိုဏ်းသားအားလုံးကို လိုက်ကြည့်ရသည်။ သူတို့ဝိဉာဥ်များ ကောင်းရာသုဂတိလားစေရန် ဆုတောင်းမေတ္တာပို့ပြီးနောက် သူတို့နှစ်ယောက်လုံး အိမ်ပြန်လာခဲ့ကြသည်။

***

"မင်း ပြန်နိုးလာခါနီးမှာ အတွင်းဝန်ရုံးနဲ့ ကိုကိုနဲ့ ပြသနာတက်မလို ဖြစ်သွားသေးတယ်။"

စိုင်းလရောင်က သူ့အပေါ်အင်္ကျီကို ချွတ်လိုက်ရင်း စကားစသည်။ ဟိန်းထက်နေက သူ ချွတ်လိုက်သော အင်္ကျီကို သိမ်းလိုက်ပြီး လိမ္မော်သီးနှစ်လုံးကိုရေခဲသေတ္တာထဲမှ ထုတ်ယူသည်။

"ဘယ်လို ဆက်ဖြစ်သွားလဲ။ ကျွန်တော်တို့က အစိုးရပိုင်းနဲ့ ကင်းအောင် နေတာပါ။"

"ငါတို့ တအားအထိနာသွားမှန်း သိလို့ တမင်စမ်းချင်တာ။ အသစ်တက်တဲ့ ဝန်ကြီးချုပ်က Red Moon ကို သူ့အတွက် နောက်ခံ ဖြစ်စေချင်တယ်။"

"အရင်ကဆို ကျွန်တော်တို့ချင်း ပြသနာတက်ရင်တောင် သူတို့ ဝင်မပါရဲဘူး။ အာ..."

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now