အခန်း ၁၅
ကျော်စွာနှင့် မြူနှင်းချိုက ကားထဲတွင် စောင့်နေသည့်အခိုက် အချက်ပေးသံများက ကျယ်လောင်စွာ မြည်လာပြီး ကလပ်၏ ဝင်ပေါက်ထွက်ပေါက် အားလုံးက ပိတ်သွား၏။ ကျော်စွာက စိုင်းလရောင်ကို ဆက်သွယ်သော်လည်း အဆက်အသွယ် ပြတ်သွားပြီး CCTV များက သူ့ထိန်းချုပ်မှုအောက်မှ လွှတ်သွားသဖြင့် ကွန်ပျူတာကို အမြန် ပိတ်လိုက်ရသည်။ သူက အဆိုးဆုံး အခြေအနေကို မျှော်လင့်ထား၍ တစ်ဖက်ကားရှိ သုတကို ဆက်သွယ်လိုက်ကာ အသင့်ပြင်ခိုင်းသည်။
"နည်းနည်း ထပ်စောင့်မယ်။ ခေါင်းဆောင်ကို သူရိယဂိုဏ်းက မိသွားရင် ငါတို့ ပြန်လုရမယ်။"
ကျော်စွာက လက်ထဲမှ ရိုင်ဖယ်ကို ဆုပ်ကိုင်ရင်း ကြည့်နေစဥ် ပြိုင်ကားအနက်တစ်စီးက အရှိန်ပြင်းပြင်းဖြင့် မောင်းထွက်လာ၏။
"အော်စတန် မာတင် ... "
ယောက်ယက်ခတ်နေသော အခြေအနေ၌ ပြောင်ပြောင်တင်းတင်း မောင်းလာသော မော်ဒယ်မြင့် ပြိုင်ကားနှင့် တရိုတသေ ပြုမူနေကြသော အစောင့်များကြောင့် ကျော်စွာက မျက်မှောင်ကြုတ်မိသည်။
"အဲ့ဒီကားကို ငါ မြင်ဖူးတယ်... မမ။ ဟိန်းထက်နေ... ဟုတ်တယ်... ဟိန်းထက်နေရဲ့ကား။"
"သေချာလား။"
"အင်း.. အော်စတန် မာတင် မောင်းနိုင်တဲ့လူက ရှားတယ်။"
ကျော်စွာက ဟိန်းထက်နေကို တွေးလိုက်မိသည်နှင့် စိုင်းလရောင်အတွက် စိုးရိမ်ပူပန်မှုများပါ လျော့ပါးသွားရသည်။ ဟိန်းထက်နေက အခြားလူများကိုသာ အေးတိအေးစက်နှင့် ဘုကလန့်ဆက်ဆံတတ်သော်လည်း စိုင်းလရောင်အပေါ်တွင်မူ နွေဦးနံနက်ခင်းတွင် ကန်ရေပြင်ကို ဖြတ်တိုက်လာသော လေပြည်လေညှင်းလေးပမာ ညင်သာနူးညံ့စွာ ဆက်ဆံတတ်၏။ သူ့စိတ်ထဲ၌ ဟိန်းထက်နေက စိုင်းလရောင်ကို ခြစ်ရာလေးတစ်ခုပင် မထင်အောင် ကာကွယ်ပေးမည်ကိုလည်း ယုံကြည်နေမိပြန်သည်။
"သုတ...ငါတို့ ဆုတ်မယ်"
"ခေါင်းဆောင်ကရော"
"ခေါင်းဆောင်က ထွက်သွားပြီ...အခု ဆုတ်။မနက်ဖြန် ညမှ ပြန်တွေ့မယ်။"
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...