အခန်း ၃၅
ဟိန်းတေဇထံမှ ပြန်လာပြီးကတည်းက စိုင်းလရောင်ရော ဟိန်းထက်နေပါ အလုပ်များနေသဖြင့် နှစ်ဦးလုံးက စကားပင် ကောင်းကောင်း မပြောဖြစ်ကြသေးပေ။ ဟိန်းထက်နေက နာရီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့လပ်ပ်တော့ကို ပိတ်၍ မီးဖိုးခန်းထဲ ဝင်သွားလေရာ စမစ်နှင့် ဝပ်ဆန်ကလည်း သူ့နောက်မှ တကောက်ကောက် လိုက်သည်။ စိုင်းလရောင်က ဟိန်းထက်နေကို တစ်ချက်သာ လှမ်းကြည့်ပြီး လက်စမသတ်နိုင်သေးသော အလုပ်ကို ဆက်လုပ်နေရသည်။
"ကိုကို...ဒါလေး သောက်လိုက်ဦး။ ခနနားပြီးမှ ဆက်လုပ်။"
ဟိန်းထက်နေသည် စိုင်းလရောင်ရှေ့သို့ လိမ္မော်ရည်တစ်ခွက်ကို ချပေးရင်း ပြောသည်တွင် စိုင်းလရောင်က ကီးဘုတ်ကို တချောက်ချောက်နှိပ်ရင်း ခရီးသွားဟန်လွဲ ပြန်ဖြေသည်။
"အင်းအင်း...ထားခဲ့လိုက်"
ဟိန်းထက်နေက မီးဖိုခန်းထဲ ပြန်လာခဲ့ပြီး နှစ်ယောက်စာ ညစာကို ပြင်ဆင်သည်။ သူ ပြင်ဆင်ပြီး၍ စိုင်းလရောင်ကို လှမ်းကြည့်လိုက်သည့်အခါ သူက ငုတ်တုတ်ထိုင်ကာ အလုပ်လုပ်နေဆဲပင်။ နံဘေးတွင် ချထားသော လိမ္မော်ရည်မှာလည်း အနည်းငယ်မျှပင် အရာမယွင်းသေး။
"ကိုကို...ထမင်းစားရအောင်။"
"အင်း...ကိုကို ညစာ မစားတော့ဘူး။ မင်းပဲ စားလိုက်တော့။"
စိုင်းလရောင်က ပြောရင်း မော်နီတာထဲ ခေါင်းဝင်မတတ် အလုပ်ဆက်လုပ်နေ၏။ ဟိန်းထက်နေသည် စိုင်းလရောင်နံဘေးတွင် ဝင်ထိုင်ကာ ချောမော့သည်။
"မစားလို့ မရဘူးလေ။ အစားစားချိန်မမှန်ရင် အစာအိမ် ဖြစ်လိမ့်မယ်၊ နည်းနည်းလေးပဲဖြစ်ဖြစ် စားလိုက်နော်။"
"ကိုကို မအားသေးလို့ မင်းပဲ စားလိုက်တော့။ မနေ့က ငွေအဝင်ထဲမှာ ငွေတုတွေ ပါလာလို့ စာရင်းတွေ ပြန်စစ်ရမှာ။"
"နောက်မှ စစ်။ ကိုကို မစားရင် ကျွန်တော်လဲ မစားဘူး၊ နှစ်ယောက်အတူ ရှိနေရက်နဲ့ တစ်ယောက်တည်း စားရမှာ ဘယ်လောက်တောင် အထီးကျန်လိုက်သလဲ။"
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...