အခန်း ၅၁ (Warning)

2.1K 123 33
                                    

Warning Alert!!

Blood and Violence Warning

သတိပေးချက်။
သွေးထွက်သံယို သတိပေးချက်။
သွေးထွက်သံယို အခန်းများ ပါရှိပါတယ်။

***

အခန်း ၅၁

မေသဒ္ဒါသည် အခန်းအပြင်ဘက်သို့ ပြေးထွက်လာခဲ့ပြီး ဖြေဆေးတစ်စုံတစ်ရာကို ရနိုင်ရန်သာ စိတ်လောနေမိသည်။ သူသည် ခန်းမအတွင်းသို့ ရောက်လာခဲ့ပြီး ​ပင်မတံခါးပေါက်များဆီ ဦးတည်လိုက်သည့်အချိန်မှာပင် ဆိုဖာအနောက်ဘက်ဆီမှ ညည်းသံကဲ့သို့ အသံခပ်သဲ့သဲ့ကို ကြားလိုက်ရလေသည်။ မေသဒ္ဒါက လက်ထဲမှ ပစ္စတိုကို သေချာကိုင်လိုက်ပြီး သတိကြီးကြီးထား၍ ဆိုဖာနားဆီသို့ ချဉ်းကပ်လာခဲ့သည်။

သူသည် ​ကြမ်းပြင်ပေါ်တွင် ရှိနေသော သွေးစများနှင့် အခြားသော ဖန်ကွဲအပိုင်းအစများကို လိုက်ကြည့်ရင်း ခြေကို ဖော့နင်းလိုက်ကာ အသံကြားရာအတိုင်း လျှောက်လာသည်။ စမ်းသပ်နေဆဲ အဆိပ်အချို့လည်း မိထားသေးသဖြင့် သူ့လက်များက တုန်ယင်စပြုလာ၏။ သူ လျှောက်လာရင်း ဆိုဖာအနောက်သို့ ရောက်သောအခါမှ ချောင်ထဲတွင် ခပ်လျောလျော မှီထားသော အရိပ်နက်ကို တွေ့လိုက်ရသည်။ အရိပ်နက်သည် မျက်ဝန်းများကို မှေးမှိတ်ထားခဲ့ပြီး အသက်ကို ဖြည်းညှင်းစွာ ရှူရှိုက်နေ၏။ မေသဒ္ဒါသည် မျက်မှောင်ကြုတ်လိုက်ပြီး အရိပ်နက်ကို ဂရုတစိုက် ကြည့်ရှုစစ်ဆေးသည်။ ပခုံးစွန်းနှင့် ခါးစပ်တွင် သေနတ်ဒဏ်ရာ တစ်ချက်စီ ရှိနေသော်လည်း အရိပ်နက်က အသက်ရှင်နေဆဲ ဖြစ်လေရာ မေသဒ္ဒါသည် လက်ထဲမှ ပစ္စတိုဖြင့် အရိပ်နက်၏ ဦးခေါင်းကို ချိန်ရွယ်လိုက်ကာ တောင်းဆုပြုသည်။

"ကောင်းရာသုဂတိလားပါစေ။"

"မလုပ်နဲ့... ဒီဘက်လှည့်ပြီး သေနတ်ချ။"

အနောက်ဘက်နားမှ ကြားလိုက်ရသော အသံသြသြကြောင့် မေသဒ္ဒါသည် လက်ကို မြှောက်လိုက်ကာ လှည့်လာသည်။ ဟိန်းတေဇက သူ့ကို ပစ္စတိုဖြင့် ချိန်ရွယ်ထားပြီး နောက်တစ်ကြိမ် သတိပေးသည်။

"သေနတ်ချ။"

"သူ သေတော့မှာမို့လို့လေ...ကူညီပေးမလို့။"

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now