Warning Alert!!
Blood and Violence Warning
သတိပေးချက်။
သွေးထွက်သံယို သတိပေးချက်။
သွေးထွက်သံယို အခန်းများ ပါရှိပါတယ်။***
အခန်း ၄၈
အရိပ်နက်နှင့် သူ့လူများသည် မှန်အများဆုံး သုံးထားသည့် အခန်းများကို ရှာဖွေနေသည့်အချိန်မှာပင် ထိုအခန်းများ၏ အောက်ခြေမှ အဖြူရောင်အငွေ့များက ထွက်လာခဲ့သည်။ အရိပ်နက်သည် ထိုအငွေ့များကို မြင်လိုက်သည်နှင့် သူ့လူများကို မရှူမိစေရန် လက်ဟန်အမူအရာဖြင့် သတိပေးလိုက်ပြီး အလျင်အမြန် ပြေးကာ အခန်းများကို စစ်ဆေးတော့သည်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသကဲ့သို့ပင် သူတို့က မြူနှင်းချိုကို ရှာမတွေ့သေးခင် ကင်းမြီးကောက်များ၊ ပင့်ကူများနှင့် မြွေများကို ထည့်ထားသည့် အလုံပိတ်ဖန်အိမ်များက ပွင့်ထွက်သွားခဲ့လေသည်။
ကြမ်းပြင်ပေါ်တွင် မြွေများနှင့် ကင်းမြှီးကောက်များက ရောထွေးလျက်၊ သူတို့၏ သားရည်ဖိနပ်အထူများကြောင့်သာ မဟုတ်လျှင် အနှီမြွေနှင့် ကင်းမြှီးကောက်တို့က မှီရာ ခြေထောက်ကို လှမ်းကိုက်ကြပေဦးမည်။ အရိပ်နက်သည် စမ်းသပ်ခန်းတစ်ခုကို ဝင်ရန် ပြင်လိုက်သည့်အချိန်မှာပင် အရိပ်တပ်သားတစ်ယောက်က သတင်းပို့လာသည်။
"နည်းပြ...ဓားစာခံအစ်မကို တွေ့ပြီ။ တတိယမြောက်အခန်းရဲ့အနောက်က အချုပ်ခန်းထဲမှာ။"
"အင်း....မြန်မြန်ထုတ်ပေးလိုက်။"
အရိပ်နက်သည် ပြောပြီးပြီးချင်းပင် ထိုအချုပ်ခန်းရှိရာသို့ အသည်းအသန် ပြေးရပြန်သည်။ အချုပ်ခန်းနေရာသို့ သူရောက်သွားသောအခါ အပြင်ဘက်မှ အရိပ်တပ်သားအချို့က မှန်အထူနံရံကို ခုံဖြင့် တဒုန်းဒုန်း ထုရိုက်ကာ ကွဲအောင်လုပ်နေကြလေသည်။ အထဲမှ မြူနှင်းချိုကလည်း မှန်သားကို သူ့လက်ဖြင့် တဒုန်းဒုန်း ထုရင်း အပြင်ကို ထွက်နိုင်ရန် ကြိုးစားနေခဲ့သည်။ သူ့အခန်းအတွင်းမှ ပိုက်လိုင်းများမှ အဖြူရောင် အငွေ့အချို့ကလည်း ထွက်လာလေရာ သူသည် ရှိသမျှအားကို စုစည်းလိုက်ရင်း မှန်ချပ်ကိုသာ တဒုန်းဒုန်း ထုနေမိတော့သည်။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...