အခန်း ၆၆

1.5K 78 57
                                    

အခန်း ၆၆

စိုင်းလရောင်သည် အိပ်ပျော်နေရင်းမှ လူခေါ်ဘဲလ်အသံကြောင့် ဆတ်ခနဲ နိုးလာသည်။ စားပွဲခုံပေါ် တင်ထားသော နာရီကို ကြည့်လိုက်ရာ ညဆယ့်နှစ်နာရီ မိနစ်လေးဆယ်သာ ရှိသေးသည်။

"ဒီအချိန်ကြီး ဘယ်ကောင်လဲ။"

သူသည် ခေါင်းအုံးအောက်မှ ပစ္စတိုကို ဘောင်းဘီအိတ်ထဲ ထိုးထည့်၍ အပေါ်အင်္ကျီတစ်ထည်ထပ်ဝတ်၍ အိမ်အပြင်သို့ ထွက်လာသည်။ လူခေါ်ဘဲလ်က အဆက်မပြတ်မြည်နေဆဲပင်၊ စိုင်းလရောင်က ပစ္စတိုကို လက်တစ်ဖက်ဖြင့် ဆွဲထုတ်လိုက်ပြီး ခြံတံခါးကို လာဖွင့်သည်။

"ဘယ်သူလဲ။"

"ကျွန်တော် ရဲသွေးနီပါ။"

ရဲသွေးနီက သူဆောင်းထားသော ဦးထုပ်ကို ချွတ်လိုက်ပြီး နှုတ်ဆက်သည်။ စိုင်းလရောင်က ထိုအခါမှ ပစ္စတိုကို ပြန်သိမ်းပြီး နှုတ်ဆက်သည်။

"အိမ်ထဲ မဝင်တော့ဘူးမလား။"

"ဟုတ်ကဲ့။ ကျွန်တော် ဒါလေး လာပေးတာ။ တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် ဟိန်းထက်နေကို ငဲ့ညှာပေးပါ။"

ရဲသွေးနီက ကျွန်သားဖြင့် လုပ်ထားသော အနက်ရောင်သေတ္တာ ခပ်သေးသေးလေးတစ်လုံးနှင့် သူ ချန်ရစ်ခဲ့သော ကျောက်စိမ်းဆွဲကြိုးကို စိုင်းလရောင်လက်ထဲ ထည့်​ပေးသည်။

"အစ်ကို ဘယ်မှာရှိလဲ သိနေရတော့ သူ နည်းနည်း ပိုစိတ်အေးရတာပေါ့။"

"အင်း... ငါ ပြန်ဆွဲထားလိုက်ပါ့မယ်။ သူ... အခု"

"စစ်ကိုင်းတံတားကိစ္စတုန်းကထက် ရင့်ကျက်လာတယ်။"

စိုင်းလရောင်၏ စကားမဆုံးခင် ရဲသွေးနီက ဖြတ်ပြောသည်။

"သူ ဘယ်သူ့ကိုမှ အပြစ်မပေးဘူး။ သက်တော်စောင့်တွေကိုတောင် အပြစ်မတင်ဘူး။ ကမူးရှူးထိုးနဲ့ အော်ဟစ်သောင်းကြမ်းနေတာမျိုး မရှိတော့ဘူး။"

"တော်သေးတာပေါ့။ သူ အမှားတွေ ထပ်လုပ်မိလို့ မဖြစ်ဘူး။ အုပ်စုထဲမှာ လူတိုင်း လက်နက်ရှိတယ်၊ ခေါင်းဆောင်က ခေါင်းဆောင် မပီသရင် ပြန်လုပ်ကြံကြလိမ့်မယ်။ ဒါက ဘာလဲ။"

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now