အခန်း ၂၆

1.4K 119 37
                                    

အခန်း ၂၆

"ပုန်းနေတယ်"

ဟိန်းထက်နေက နားမလည်ဟန် ပြန်မေးသည်တွင် စိုင်းလရောင်က ခေါင်းညိတ်လိုက်ပြီး လိမ္မော်သီးထုပ်ကို စားပွဲပေါ် တင်သည်။

"အင်း...ငါ အရင်က ဂိုဏ်းကနေ ထွက်ပြေးဖူးတယ်။ အဲ့တုန်းက ငါ ဘယ်မှ မသွားဘူး၊ ဒီအိမ်မှာပဲ နေတာ၊ ဆရာတို့က ငါ ရန်ကုန်မှာပဲ နေမယ်မထင်တော့ ရှာမတွေ့ဘူးလေ။"

"လိမ္မော်သီးတွေ အများကြီးပဲ။ ကိုကို တစ်ယောက်ထဲကို ဘာလို့အများကြီး ဝယ်ထားတာလဲ"

ဟိန်းထက်နေက စိုင်းလရောင်၏ နံဘေးတွင် ဝင်ထိုင်လိုက်ပြီး လိမ္မော်သီး တစ်လုံးကို ယူကာ အခွံခွာသည်။

"ညစာလေ။"

စိုင်းလရောင်က ပြန်ဖြေ၏။ ဟိန်းထက်နေသည် အမျှင်​သေးသေးလေးများကို ကုန်စင်အောင် ခွာထားသော လိမ္မော်သီးစိတ်ကလေးကို စိုင်းလရောင် လက်ထဲ ထည့်ပေးရင်း သက်ပြင်းချမိသည်။ သူ့ကိုကိုလေးက ဟင်းမချက်တတ်ပေ။ သူက နောက်ထပ် လိမ္မော်သီးတစ်စိတ်ကို စိုင်းလရောင် လက်ထဲထည့်ပေးရင်း မေးသည်။

"ဒီနေ့ ကျွန်တော် ချက်ပေးမယ်။ ကိုကို ဘာစားချင်လဲ"

စိုင်းလရောင်က သူ့ကိုယ်သူ စင်ဒရဲလားပုံပြင်ထဲမှ စင်ဒရဲလားလေးကို အနိုင်ကျင့်ခိုင်းစားနေသော မိထွေးကြီးနှင့် တူသည်ဟု ခံစားလိုက်မိပြီး ခေါင်းကို ခပ်မြန်မြန် ခါသည်။

"ဟင့်အင်း။ မင်းကို အနိုင်ကျင့်သလို ဖြစ်နေမယ်။"

"အဲ့ဒါဆို အတူတူ ချက်ကြမယ်။ ဒါနဲ့ ကိုကို့ဘက်က လက်ခံလား။"

"လက်ခံတယ်။ မင်းဘက်ကရော"

စိုင်းလရောင်သည် သဘောတူညီချက် ကိစ္စကို သတိရမိကာ ချက်ချင်း ပြန်ဖြေသည်။

"ဦးလေးက လက်ခံအောင် ထိန်းပေးတယ်။ မနေ့ကပဲ အမိန့်စာ ထုတ်ခဲ့တယ်။"

"ကိုကိုက အရင်လကတည်းက ထုတ်ပေးခဲ့တာ"

"ကိုကို့ကို ဟိုအဖိုးကြီး ဘာလုပ်သေးလဲ။"

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now